
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီ နှင့်ကြက်သွန်ဖြူများကို မိမိတို့ဒေသထွက် အနည်းငယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တို့မှ အများဆုံး မှာယူရောင်းချလျက်ရှိ ကြောင်း သိရှိရပါ သည်။
ဇွန်လ တတိယပတ်တွင် ကြက်သွန်နီဈေးနှုန်း အနေဖြင့် မိမိတို့ဒေသထွက်နှင့် အောင်ပန်း ကြက်သွန်နီ အကြီး တစ်ပိဿာလျှင်(၂၀၀၀)ကျပ်၊ အောင်ပန်း ကြက်သွန်နီ အလတ် တစ်ပိဿာလျှင်(၁၈၀၀)ကျပ်၊ အောင်ပန်း ကြက်သွန်နီ အသေး တစ်ပိဿာလျှင် (၁၅၀၀)ကျပ် နှင့် မြစ်သား ကြက်သွန်နီ အကြီး တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ မြစ်သား ကြက်သွန်နီ အလတ် တစ်ပိဿာလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ယခု ၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်တွင် ကြက်သွန်ဖြူဈေးနှုန်း အနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာ လျှင်(၁၄၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၅၀၀)ကျပ်၊ ဗမာကြက်သွန်ဖြူ အလတ်စ တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၃၀၀၀)ကျပ် နှင့် ဗမာ ကြက်သွန်ဖြူ အသေးစ တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင်(၂၅၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိ ကြောင်းသိရှိရပါ သည်။
Doca(စစ်ကိုင်း)