Main menu

မန္တလေးနှမ်းစျေးနှုန်းစျေးကွက်

Powered by Drupal

       ပြည်တွင်းစားဆီကြိတ်ခွဲမှုနှင့် ပြည်ပသို့တင်ပို့သည့်နှမ်းအား မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးမှု ၉၆၂၃၈၃ ဧက၊ရိတ်သိမ်းမှု ၈၈၉၄၂၈ ဧက၊အထွက်နှုန်း ၄.၄၆ တင်းနှင့် အထွက်စုစုပေါင်း ၃၉၆၂၈၆၉ တင်းဖြစ်ကြောင်း သိရပါသည်။ မန္တလေးတိုင်း ဒေသကြီး၊  မကွေးတိုင်းဒေသကြီးနှင့်စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးထွက်ရှိသည့်မြေပဲ၊ နှမ်းနှင့်နေကြာသီးနှံများအား  စားသုံးဆီကြိတ်ခွဲ၍ ပြည်တွင်းစားဆီဖူလုံမှုရှိစေရန်နှင့် စားဆီ တင်သွင်းမှု လျော့ချနိုင်ရန်အတွက် နိုင်ငံတော်မှတွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရပါ သည်။ မန္တလေးပွဲစား၊ ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇွန်လ တတိယပတ်အတွင်း နှမ်းအမျိုးအစားအလိုက်ပေါက်စျေးများမှာ ၃တင်းဝင်အိတ် (၄၅ပိဿာပါ) တစ်အိတ်လျှင် နှမ်းဖြူ(ဂျပန်) ၃၉၀၀၀၀ ကျပ်နှင့် ၃၉၅၀၀၀ကျပ်၊ နှမ်းဖြူ(ဗမာ)၃၁၅၀၀ဝ ကျပ်နှင့် ၃၅၀၀၀ဝ ကျပ်၊ နှမ်းညို ၃၂၀၀၀၀ကျပ်နှင့် ၃၂၅၀၀၀ကျပ်၊ပန်းနှမ်း  ၂၉၀၀၀၀ကျပ်၊ တစ်ပိဿာ စျေးမှာ နှမ်းဖြူ(ဂျပန်) ၈၆၆၇ ကျပ်နှင့် ၈၇၇၈ ကျပ်၊ နှမ်းဖြူ (ဗမာ)၇၀၀၀ ကျပ်နှင့် ၇၇၇၈ ကျပ်၊ နှမ်းညို ၇၁၁၁ ကျပ်နှင့်၇၂၂၂ကျပ်၊ပန်းနှမ်း ၆၄၄၄ ကျပ်၊ နှမ်းဖတ်စျေးမှာ ၃၈၀၀ ကျပ်နှင့် ၃၉၀၀ ကျပ်စျေးတို့ဖြစ်ပေါ်လျက်ရှိကြောင်း သိရပါသည်။ ယခင် နှစ်ကာလတူ ပေါက်စျေးမှာ တစ်ပိဿာလျှင် နှမ်းဖြူ(ဂျပန်) ၉၄၄၄ ကျပ်နှင့် ၉၇၇၈ ကျပ်၊နှမ်းဖြူ(ရိုးရိုး) ၈၅၅၆ ကျပ်နှင့် ၈၇၇၈ ကျပ်၊ နှမ်းဖြူ(ခြုံကျော်) ၈၀၈၉ကျပ်နှင့် ၉၁၁၁ကျပ်၊ နှမ်းညို  ၇၆၆၈ကျပ်နှင့် ၇၄၄၄ ကျပ်၊ ပန်းနှမ်း ၄၅၅၆ ကျပ်နှင့်၄၆၀၀ ကျပ်တို့ဖြစ်ပေါ်ခဲ့ပြီး၊ ယခုနှစ်နှင့်ယခင်နှစ်ကာလတူစျေးနှိုင်းယှဉ်ပါက နှမ်း စျေး မှာ အနည်းငယ်လျော့နည်းသွားကြောင်း သိရပါသည်။

DOCA( မန္တလေး)