Main menu

ဆီနေကြာစျေးနှုန်းစျေးကွက်

Powered by Drupal

   နေကြာသီးနှံမှာ ပြည်တွင်းစားဆီကြိတ်ခွဲခြင်းနှင့်ဆီစက်လုပ်များအတွက် အရေးပါသကဲ့ သို့ နေကြာစေ့များအား လှော်၍သရေစာအဖြစ်စားသုံး ကြောင်းသိရပါသည်။ နေကြာသီးနှံအား မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊စစ်ကိုင်းတိုင်းဒေသကြီး နှင့် ရှမ်းပြည်နယ်တို့တွင် အများအပြားစိုက်ပျိုးကြောင်း သိရပါသည်။ မန္တလေးတိုင်းဒေသကြီးတွင် နေကြာသီးနှံကို မိုးနေကြာ နှင့် ဆောင်းနေကြာ အဖြစ် စိုက်ပျိုးလျက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ်မိုးနေကြာစိုက်ပျိုးမှု ၄၁၇၄၉ ဧက၊ ရိတ်သိမ်းမှု၃၀၂၅၃ ဧက၊အထွက် ၂၃.၈၅ တင်းနှုန်းနှင့်အထွက် ၇၂၁၄၃၉ တင်းဖြစ် ကြောင်းသိရပါသည်။နေကြာဆီသည် ကျန်းမာရေးအရ စားသင့်သည့်မပြည့်ဝ ဆီတစ်မျိုးဖြစ် ကြောင်း သိရပါသည်။ မန္တလေးပွဲစား၊ကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်ဇွန်လတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသည့်ဆီနေကြာသီးနှံပေါက်စျေးမှာ ၃တင်းဝင် (၂၇ ပိဿာပါ) တစ်အိတ်လျှင် ၁၉၇၀၀ဝ ကျပ်နှင့် ၁၉၈၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၇၂၉၆ကျပ် နှင့် ၇၃၃၃ ကျပ်၊ နေကြာဖတ်တစ် ပိဿာလျှင် ၂၃၅ဝ ကျပ်နှင့် ၂၄၀ဝ ကျပ်ဖြစ်ပြီး ယခင်နှစ် ကာလတူ ပေါက်စျေးမှာ၃တင်းတစ်အိတ်လျှင် ၁၂၀၀၀၀ကျပ်၊ တစ်ပိဿာလျှင် ၄၄၄၄ ကျပ် တို့ဖြစ်ကြောင်း သိရပါသည်။ဆီနေကြာယခုနှစ်နှင့်ယခင်နှစ်ပေါက်စျေးနှိုင်းယှဉ်ပါက တစ်ပိဿာ လျှင် ၂၈၀၀ ကျပ်စျေး ပိုမိုရရှိကြောင်း သိရပါသည်။ ဆီနေကြာသီးနှံ ဝင်ရောက်မှုအပေါ်မှုတည်၍ ရက်အလိုက်ပေါက် စျေးအနည်းငယ်ပြောင်းလဲမှုရှိနိုင်ကြောင်း သိရပါသည်။

DOCA(မန္တလေး)