
မွန်ပြည်နယ်၊ မောင်လမြို့နယ်၊ မောင်ငံဈေးတွင် ဟင်းသီးဟင်းရွက် အမျိုးမျိုးဖြစ်သော ရုံးပတီသီး၊ ဂေါ်ဖီထုပ်၊ ခဝဲသီး၊ သခွားသီး၊ ကြက်ဟင်းခါးသီး၊ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ မျှစ်စိမ်း ရောင်းချနေကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ် ဇွန်လနောက်ဆုံးအပတ်တွင် မောင်ငံဈေး၌ ဖြစ်ပေါ်နေသော ဟင်းသီး ဟင်းရွက်အမျိုးမျိုး၏ ဈေးနှုန်းများမှာ ရုံးပတီသီး တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ဂေါ်ဖီထုပ် တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ခဝဲသီး တစ်ပိဿာလျှင် (၃၀၀၀) ကျပ်၊ သခွားသီး တစ်ပိဿာလျှင် (၂၀၀၀) ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် (၅၀၀) ကျပ်၊ ချဉ်ပေါင်ရွက် တစ်စည်းလျှင် (၃၀၀) ကျပ်၊ မျှစ်စိမ်း တစ်စည်း လျှင် (၁၂၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
DOCA (မွန်)