Main menu

မတ်ပဲစျေးနှုန်းစျေးကွက်

Powered by Drupal

   ပြည်တွင်းစားသုံးမှုနှင့် ပြည်ပသို့တင်ပို့သည့်မတ်ပဲမှာ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီးနှင့်ရှမ်းပြည်နယ်တို့မှ ထွက်ရှိသည့် စျေးကွက်ဝင်ပဲတစ်မျိုးဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် မတ်ပဲ သီးနှံ စိုက်ပျိုးမှု  (၃၂၁၄၂) ဧက၊ ရိတ်သိမ်း (၁၀၄၉၅) ဧက၊အထွက်နှုန်း (၁၂.၆၅) တင်းနှင့် အထွက် (၁၃၂၇၀၉) တင်း ဖြစ်ကြောင်းသိရပါသည်။  မန္တလေးပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော် အသင်း တွင် ၂၀၂၅ ခုနှစ်ဇွန်လတတိယပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော ပေါက်စျေးမှာ ၃တင်းဝင်တစ် အိတ်လျှင် မတ်ပဲ(ကျောက်စရစ်)၂၈၃၀၀၀ ကျပ်နှင့် ၂၈၄၀၀၀ ကျပ်၊တစ်ပိဿာစျေးမှာ ၄၇၁၇ ကျပ် နှင့် ၄၇၃၃ ကျပ်ဖြစ်ပြီး၊ ယခင်နှစ် ကာလတူ တစ်ပိဿာစျေးမှာ မတ်ပဲ (ညာ)  ၃၂၈၉ ကျပ်နှင့် ၃၅၂၀ ကျပ်တို့ဖြစ်ကြောင်းသိရပါသည်။ ယခုနှစ်နှင့် ယခင် နှစ်ကာလတူ စျေးနှိုင်းယှဉ်ပါကမတ်ပဲစျေးမှာ စျေးပိုမိုရရှိကြောင်း သိရပါသည်။

DOCA(မန္တလေး)