Main menu

“ခဝဲသီးစျေးနှုန်းစျေးကွက်”

Powered by Drupal

   ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူဦးကြီးများသည် မိသားစု စားဝတ်နေရေးအတွက် ရာသီအလိုက် သီးနှံမျိုးစုံ စိုက်ပျိုးလျှက်ရှိရာ ၎င်းသီးနှံများအနက် မိသားစု အပိုဝင်ငွေရရှိစေရန် ခဝဲသီးနှံကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြပါသည် ။ တောင်သူများသည် မိမိတို့စိုက်ခင်းမှ ထွက်ရှိသောသီးနှံများကို ‌ကျောက်ဆည်မြို့ပေါ်ရှိစျေးများသို့ ကိုယ်တိုင်လာရောက် ရောင်းချကြသလို ‌ဖောက်သည်ပေး၍ရောင်းချကြောင်း ၊ ယခုဇွန်လ တတိယပတ်တွင် ခဝဲသီး‌စျေးနှုန်းမှာ လက်ကား တစ်ပိဿာလျှင်(၂၅၀၀/-)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၃၀၀၀/-)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ခဝဲသီးစားသုံးပေးခြင်းဖြင့် သွေးသန့်ပေးနိုင်ခြင်း၊ ဝမ်းမှန်စေခြင်း ၊ အသားဝါရောဂါ ဖြစ်ပွားနိုင်ခြေလျော့နည်းစေခြင်း၊ ဆီချိုသွေးချိုရောဂါဖြစ်ပွားနိုင်လျော့နည်းခြင်း၊ ဝိတ်ကျဖို့ကူညီနိုင် ခြင်း၊ ရောင်ရမ်းမှု့ကိုသက်သာစေခြင်း၊ ခုခံအားကောင်းစေခြင်း၊ အရေပြားကျန်းမာစေခြင်း၊ အစာအိမ်ကူညီနိုင်ခြင်းစသည့် အကျိုးကျေးဇူးတို့ကိုရရှိစေပြီး ခဝဲသီးချိုချိုလေးကို ဟင်းရည်ချက်စားစား၊ ဆီပြန်ချက်စားစား အရသာရှိသော ဟင်းတစ်ခွက်ဖြစ်‌ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

DOCA(မန္တလေး)