Main menu

မိတ္ထီလာကုန်စည်ဒိုင်၌ ဖြစ်ပေါ်နေသောသီးနှံဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့၊ မိတ္ထီလာကုန်စည်ဒိုင်တွင် ဆီထွက်သီးနှံများ၊ ပဲမျိုးစုံသီးနှံများ၊ ဝါသီးနှံများ၊ စားဖိုဆောင်သီးနှံများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ မိတ္ထီလာကုန်စည် ဒိုင်၌ ယခု ဇွန်လတတိယပတ်ဖြစ်ပေါ်နေသော ဆီထွက်သီးနှံဈေးနှုန်းများမှာ  နှမ်း (ညို) တစ်တင်း လျှင် (၉၈၀၀၀-၁၀၀၀၀၀) ကျပ်၊ နှမ်းဖြူတစ်တင်းလျှင် (၁၀၅၀၀၀) ကျပ်၊ နေကြာစေ့ တစ်ပိဿာလျှင် (၆၇၀၀-၇၀၀၀) ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၁၆၀၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၈၀၀၀) ကျပ်၊နေကြာဆီတစ်ပိဿာလျှင်(၂၀၀၀၀) ကျပ်၊ နှမ်းဖတ် တစ်ပိဿာလျှင် (၄၂၀၀) ကျပ်၊ ပဲဖတ်တစ် ပိဿာလျှင် (၅၀၀၀) ကျပ်၊ နေကြာဖတ်တစ်ပိဿာလျှင် (၂၂၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရှိရသည်။

      ယခုဇွန်လတတိယပတ်တွင် ပဲမျိုးစုံစျေးကွက်တွင် ကုလားပဲ (V2) တစ်တင်းလျှင် (၈၈၀၀၀) ကျပ်၊ ထိုင်ဝမ် (၅၄၀၀၀) ကျပ်နှင့် စက်မှုကုန်ကြမ်းသီးနှံဈေးကွက်တွင် ဝါတစ်ပိဿာလျှင် (၃၆၀၀) ကျပ်ရှိသော်လည်း ပေါက်ဈေးသာရှိပြီး ဈေးကွက်တွင် လက်ကျန်မရှိသလောက်ဖြစ်ကြောင်း ၊ စားဖို ဆောင်သီးနှံဈေးကွက်တွင် ငရုတ်သစ် တစ်ပိဿာလျှင်(၈၅၀၀-၉၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာ လျှင် (၁၀၀၀-၉၀၀) ကျပ်တို့ဖြင့် အရောင်းဝယ်ဖြစ်လျက်ရှိကြောင်းသိရှိရသည်။

DOCA(မန္တလေး)