Main menu

ကော့သောင်းမြို့ပေါ်ရှိ အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့၊သီရိမြိုင်ရပ်ကွက်၊ ဗိုလ်ချူပ်လမ်း၊ CHGF KOONG(HOT POT) စားသောက်ဆိုင်အား  ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ အစားအသောက်‌ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

   အဆိုပါ CHGF KOONG(HOT POT) စားသောက်ဆိုင်အား  ကွင်းဆင်းစစ်ဆေးရာတွင် အစားအသောက်ရောင်းချသည့်နေရာတွင် သန့်ရှင်းခြင်း၊ အစားသောက်ကိုင်တွယ်ချက်ပြုတ်သူများနှင့် ဝန်ဆောင်မှုပေးသူများသည် တစ်ကိုယ်ရည်သန့်ရှင်းမှုရှိခြင်း၊ အစားသောက်များ လတ်ဆက်သန့်ရှင်းမှုရှိခြင်း၊ အစားသောက်စျေးနှုန်းအားပွင့်လင်းမြင်သာစွာအသိပေးဖော်ပြထားခြင်း စသည်တို့ကို စစ်ဆေးတွေ့ရှိခဲ့ပါကြောင်း သိရှိရပါသည်။

    စစ်ဆေးရေးအဖွဲ့များသည် စားသောက်ဆိုင်အား မိမိတို့ဆိုင်များမှ ပေးအပ်သည့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများ စားသုံးသူအခွင့်အရေးအပြည့်အဝ မရရှိခဲ့လျှင် စားသုံးသူကာကွယ်ရေးဥပဒေအပြင် အခြားသက်ဆိုင်ရာဌာနများ၏ ဥပဒေပါ ထပ်မံအ‌ရေးယူရမည်ဖြစ်ပါကြောင်း   အသိပညာပေးဆွေးနွေးပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)