
၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နားစခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စားလှယ် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ်သော ဦးနိုင်လင်း (ကိုယ်စားလှယ်) မှထုတ်ယူခဲ့သော စားအုန်းဆီ(၇၈)ပေပါအား ယာဉ်အမှတ် 5P/8190 (၅၀)ပေပါနှင့် 6F/5983 (၂၈)ပေပါ ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၂၅.၆.၂၀၂၅)ရက်နေ့တွင် ရောက်ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)