Main menu

အထက်မင်းလှမြို့၌ သလဲသီးစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့နယ်ရှိ ကျေးရွာများ၌ သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိပြီး ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ပန်းတော်ပြင်ကျေးရွာ၌ သလဲသီးကို အိမ်ခြံမြေများတွင် တနိုင်တပိုင်စိုက်ပျိုးကြသည့်အပြင် စီးပွားဖြစ်သီးသန့်လည်းစိုက်ပျိုးကြကြောင်း သိရသည်။

        မျိုးအနေဖြင့် အနီမျိုးနှင့် အဝါမျိုးရှိသည့်အနက်မှ အနီမျိုးကို အများဆုံးစိုက်ပျိုးကြပြီး ကျောက်ပန်းတောင်မြို့နယ်မှ ကိုင်းကူး(၁)ပင်လျှင် ကျပ်(၁၀၀၀၀)ဖြင့် ဝယ်ယူ၍စိုက်ပျိုးကြကြောင်း၊  စိုက်ပျိုးမှုအနေဖြင့် ပင်ခြားတန်းခြား(၁၅)ပေအကွာဖြင့် စိုက်ဧက တစ်ဧကလျှင် သလဲသီးပင်(၂၅၀) ခန့်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ကျပ်(၇၅)သိန်းခန့် ကုန်ကျကြောင်း၊ သလဲသီးပင်စိုက်ပျိုးပြီး တစ်နှစ် သားအရွယ်ခန့်တွင် အသီးများကို စတင်ခူးဆွတ်နိုင်ပြီး နွေရာသီတွင် ရေလောင်း၊ ရေသွင်း ခြင်းဖြင့် အပင်များကိုပြုစုပေးပါက သလဲသီးများကို တစ်နှစ်ပတ်လုံးရရှိနိုင်ကြောင်း၊ အထွက်နှုန်းအနေဖြင့် မြေအနေအထားနှင့် အပင်ဖြစ်ထွန်းအောင်မြင်မှုအပေါ်မူတည်၍ တစ်နှစ်လျှင် သလဲပင်တစ်ပင် အတွက် ပျမ်းမျှအလုံးရေ(၅၀)ခန့်ထွက်ရှိရာ  တစ်ဧကအတွက် ပျမ်းမျှအလုံးရေ (၁၂၅၀၀)လုံးခန့် ထွက်ရှိကြောင်း၊ အကျိုးအမြတ်အနေဖြင့် သလဲပင်တစ်ဧကအတွက် တစ်နှစ်လျှင် ကျပ်သိန်း(၅၀) ခန့်ရရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဇွန်လ(စတုတ္ထပတ်)တွင် သလဲသီးလက်ကားဈေး တစ်လုံးလျှင် ကျပ်(၁၀၀၀)နှုန်းဖြင့် ရောင်းချရကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိ သစ်သီးဆိုင်များသို့ တင်ပို့ရောင်းချကြောင်း သိရသည်။

DOCA(မကွေး)