
ကန်ကြီးထောင့်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ မြို့မဈေးသစ်အတွင်းသို့ ရာသီစာအသီးအရွက်များအပြင် ဗုံလုံးသီးများလာရောက်ရောင်းချကြပါသည်။ ဗုံလုံသီး(ခေါ်)ပဲလင်းမြွှသီးများကိုပုစွန်ဖြင့်အစာသွပ်၍လည်းကောင်း၊ ကြက်ဥနှင့်ရောမွှေ၍ချက်၍သော်လည်းကောင်း၊ ဝက်သားဖြင့်ရောက်ချက်၍လည်းကောင်း စားသုံးနိုင်ကြပါသည်။
ကန်ကြီးထောင့်မြို့၊ မြို့မဈေးသစ်တွင် ၂၀၂၅ခုနှစ်၊ ဇွန်လစတုတ္ထပတ်တွင် ဖြစ်ပေါ်နေ သောဗုံလုံသီး(ခေါ်)ပဲလင်းမြွှေသီး အကြီးတစ်ထောင့်လျှင် (၅၀၀)ကျပ်၊ အသေး၃ထောင့်ပါတစ်စီး လျှင် (၁၀၀၀) ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ရောင်းချနေသူများမှ သိရှိရပါသည်။
DOCA(ဧရာဝတီ)