Main menu

မိတ္ထီလာမြို့ရှိ ငါးဖယ်ဈေးကွက်

Powered by Drupal

   မိတ္ထီလာဈေးကွက်တွင် အရောင်းအဝယ်ဖြစ်သော အသားငါးများတွင် ငါးဖယ်မှာလည်း အပါ အဝင်ဖြစ်သည်။ မိတ္ထီလာဈေးကွက်သို့ ငါးဖယ်ကို မြန်မာနိုင်ငံအောက်ပိုင်းမှ ဝင်ရောက်မှုအပြင် မိတ္ထီလာကန်မှ ရရှိသော ငါးဖယ်များလည်း အရောင်းအဝယ်ဖြစ်ကြောင်းသိရသည်။ ငါးဖယ်ကို ဈေး ကွက်၌ အကောင်အတိုင်းရောင်းချမှုအပြင် အသားကိုခြစ်၍ ငါးဖယ်ခြစ်အဖြစ်ရောင်းချသည်ကိုလည်း တွေ့ရသည်။ ငါးဖယ်ခြစ်မှာ ချက်ပြုတ်သူအိမ်ရှင်မများအတွက်သာမက အရိုးကြောက်သော စားသုံးသူ များအတွက်ပါ လွယ်ကူကောင်းမွန်သောငါးဖြစ်သည်။ ဇွန်လ တတိယပတ်အတွင်း မိတ္ထီလာဈေးကွက်၌ ရောင်းချနေသော ဈေးနှုန်းမှာ ငါးဖယ်အကောင်လိုက် လက်လီ (၂၅) ကျပ်သားလျှင် (၆၀၀၀) ကျပ်၊ ပိဿာလုံးဈေးမှာ (၂၀၀၀၀-၂၂၀၀၀) ကျပ်၊ ငါးဖယ်ခြစ်တစ်ဆယ်ကျပ်သားလျှင် (၅၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်သွက်ကြောင်းသိရသည်။

DOCA(မန္တလေး)