Main menu

ဧကရာဇ်ပန်းပျိုးပင်ဈေးကွက်

Powered by Drupal

   ဧကရာဇ်ပင်သည် မည်သည့်မြေအမျိုးအစားမဆို ပေါက်ရောက်ရှင်သန်နိုင်ပါသည်။ မြန်မာနိုင်ငံ အလွန်အေးသောဒေသမှအပ မိုးများ၍ ခြောက်သွေ့သော ဒေသများတွင် တွေ့မြင် နိုင်သည်။ ဧကရာဇ်ပင်သည် အမြင့်ပေ (၅၀)ကျော်မျှရှိပြီး သွယ်လျသော အကိုင်းအခက်အရွက် တို့ဖြင့် လှပသော သစ်ပင်မျိုးဖြစ်သည်။ အကြီးမြန်ပြီး သန်မာသည်။ အသားဆန်သဖြင့် လေပြင်း တိုက်ခက်သောအခါ ကျိုးပဲ့ပျက်စီးတတ်သည်။ ဧကရာဇ်ပန်းသည် အလျားရှည်၍ အဖြူရောင် အဆုပ်လိုက်ပွင့်ပါသည်။ ရနံ့သင်းသင်းဖြင့် မွှေးပါသည်။ ဝါဆိုဝါခေါင်လများတွင် အဖူးအငုံများ ထွက်လာပြီး သီတင်းကျွတ်လအထိ ပွင့်ပါသည်။ မြန်မာဆေးကျမ်းများအဆိုအရ  အေးခါးသော အရသာရှိခြင်း၊ သွေးကို တက်ကြွစေခြင်း၊ ငြိမ်းလည်းငြိမ်းစေခြင်း၊ လေကို သက်စေပါသည်။ အရွက် ကို ပြုတ်၍ သုပ်စားခြင်း၊ကြော်စားခြင်းဖြင့် မီးယပ်ငုပ်ခြင်းနှင့် သွေးတိုးရောဂါ ပျောက်စေပါသည်။ သွေးတိုး နှလုံးတုန်ရောဂါကို ပျောက်ကင်းစေနိုင်ပါကြောင်း၊ အမြစ်နှင့်အခေါက်ကို မျက်စိကွင်း လိမ်းပေးလျှင် မျက်စိနာပျောက်၏။ လျှာကို ပွတ်ပေးပါကအရက်မူးလွန်ခြင်းကို ပြေစေခြင်း၊ အမြစ်ကို သွေး၍ ဆန်ဆေးရည်၊ သကြား၊ ဆားတို့နှင့် ရောသောက်ပါက နှလုံးတုန် ရင်ခုန် ပျောက်စေခြင်း၊ ခေါင်းမူးပျောက်စေတတ်ခြင်း၊ ဆီးရွှင်စေခြင်း၊ အရွက်ကို ရေနွေးဖျော၍ သုပ်စား လျှင် သွေးတိုးရောဂါပျောက်ကင်းစေကြောင်း သိရသည်။ ဧကရာဇ်ပွင့်ကိုလည်း အခြောက်လှန်း၍ ပြုတ်ပြီး သုတ်စားလျှင်လည်း ကောင်းပါသည်။ ဧကရာဇ်ပန်းသည် တော်ဝင်ပန်းမျိုးလည်း ဖြစ်ပြီး တစ်ပင်စိုက်ထားပါက တစ်အိမ်လုံးမွှေး ကြိုင်နေပါသည်။ အရိပ်ရအပင်ဖြစ်သလို ပန်းပွင့်သောအလှ ပန်းပင်လည်းဖြစ်ပါသည်။ ဧကရာဇ်ပန်း ဖြူဖြူဖွေးဖွေးလေးတွေကို ကောက်ယူ၍ ဆံကျစ်ကျစ်ကာ ပျိုမဒီတို့၏ ဆံကေသာအလှထက်ဝယ် တင့်တယ်စွာ ပန်ဆင်လေ့ရှိပါသည်။ ဧကရာဇ်ပန်းသည် အမြင်တင့်ပြီး အဆင့်အတန်းမြင့်လှသည့်‌ တော်ဝင်ပန်းမို့ လူတိုင်းစိုက်ပျိုးသင့်ပါသည်။ အရိပ်လည်းရ ပန်းလည်းလှ ဆေးဖက်ဝင်အပင် ဖြစ်သော ဧကရာဇ်ပန်းပင်ကို စိုက်ပျိုးမှု များပြားလာကြောင်း၊ ပန်းပျိုးပင်တစ်ပင်လျှင် (၁၀၀၀/၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း ပန်းပျိုးပင် အရောင်းဆိုင်မှ သိရှိရသည်။

DOCA(မန္တလေး)