Main menu

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင်Signal သွားတိုက်ဆေးအတုများ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့်ဝန်ထမ်းများသည်(၂၄.၆.၂၀၂၅)ရက်နေ့၊ နံနက်(၁၁း၀၀)အချိန်တွင် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်ပူးပေါင်း၍ အိမ်မဲမြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် Signal သွားတိုက်ဆေး အတုများရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

             ထိုသို့ဆောင်ရွက်ခဲ့ရာ အိမ်မဲမြို့နယ်တာဝန်ခံမှ ဈေးကွက်အတွင်းတွင် unilever စိးပွားရေးလုပ်ငန်းစု၏ လုပ်ငန်းအစိတ်အပိုင်းဖြစ်သော unilever EAC Myanmar Co.,Ltd မှ ယင်းတို့ထုတ်လုပ်ဖြန့်ဖြူးရောင်း ချနေသည့် signalသွားတိုက်ဆေး signal cavity fighter Toothpaste 150gအား ဈေးကွက်အတွင်း ကုန်ပစ္စည်းအတုပြုလုပ်ရောင်း ချနေကြောင်းသိရှိသဖြင့် အထက်လမ်းညွှန်မှု့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် close upသွားတိုက်ဆေးနှင့် Colgate သွားတိုက်ဆေးများသာရောင်းချမှုရှိပြီး အဆိုပါ signalသွားတိုက်ဆေးမှာ လွန်ခဲ့သောတစ်လခန့်ကစပြီး လာရောက်ရောင်းချရာ မတွေ့ရကြောင်း ဈေးရောင်းချသူများပြောကြားချက်အရ သိရှိရပြီး အိမ်မဲမြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသည့်ဆိုင်များတွင် signal သွားတိုက်ဆေးအတုများ ရောင်းချမှုမရှိပါကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)