Main menu

ပုသိမ်မြို့အတွင်းရှိ မင်းကွတ်သီးဈေးကွက်အကြောင်း

Powered by Drupal

အခွံ ညိုညို အရောင်လေး ရှိပြီး နွှာလိုက်ရင် အထဲမှာ အဖြူ အမြွှာလေး ရှိတဲ့ မင်းကွတ်သီးကို အားလုံး ရင်းနှီးပြီးသား ဖြစ်မှာပါ။ မင်းကွတ်သီးဟာ ချိုချိုချဉ်ချဉ် အရသာ ရှိတာကြောင့် တော်တော်များများက အအီပြေစေတဲ့ အသီး အဖြစ် စားကြပါတယ်။ နောက်တစ်ခု ကတော့ ဒူးရင်းသီးနဲ့ မင်းကွတ်သီးဟာ ပေါ်တဲ့ ရာသီချင်း တူတာကြောင့် ဒူးရင်းသီး စားပြီး အီတယ် ဆိုရင် မင်းကွတ်သီး ချဉ်ချဉ်လေး တွဲဖက်ပြီး စားသုံးကြပါတယ်။
မင်းကွတ်သီး ပုံမှန်လေး စားပေးမယ်ဆိုရင် သွေးနီဥဆဲလ်တွေ ကောင်းမွန်စေပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ရင်ဘတ် အောင့်ခြင်း၊ နှလုံး နာကျင်ခြင်း၊ ကိုလက်စထရော မြင့်မားခြင်းလိုမျိုး သွေးလည်ပတ်မှုနဲ့ ဆိုင်တဲ့ရောဂါတွေ မဖြစ်စေဖို့အတွက် အထောက်အကူပြုပါတယ်။ မျက်လုံးတဝိုက် သွေးလည်ပတ်မှုလည်း ကောင်းမွန် စေတာကြောင့်အမြင်အာရုံလည်းတိုးတက်ကောင်းမွန်စေပါသေးတယ်။ မင်းကွတ်သီး ၏ ဈေးနှုန်းမှာ အလုံး အရွယ်အမျိုးအစားပေါ်မူတည်၍ ဈေးနှုန်းပြောင်းလဲလျက် ရှိပါသည်။ အလုံးသေး တစ်လုံးလျှင် ၁၅၀ ကျပ်၊ အလုံးလတ် တစ်လုံးလျှင် ၂၀၀ ကျပ်၊ အလုံးကြီး တစ်လုံးလျှင် ၂၅၀ကျပ် အထိ ရှိကြောင်း အသီးရောင်းချသူများမှ သိရှိရပါသည်။
(DOCA ဧရာဝတီ)