Main menu

ရာသီစာ ဂွေးချိုသီးအကြောင်း

Powered by Drupal

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ်အတွင်းရှိ ဥယျာဉ်ခြံလုပ်ကိုင်နေသူများသည် နှစ်ရှည် သီးနှံပင် များနှင့် ရာသီပေါ်သီးနှံများအကြားတွင် သီးညှပ်ပင်အဖြစ် ဂွေးချိုသီးပင်များ စိုက်ပျိုး ကြရာ မိသားစု ဝမ်းစာဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေရရှိ ကြောင်း သိရသည်။
ပုသိမ်မြို့နယ်တွင် ဂွေးချိုသီးပင် စိုက်ပျိုးရာတွင် ရေခံ၊မြေခံကောင်းသော နေရာများတွင်သာ စိုက်ပျိုးမှ အောင်ဖြစ်ထွန်းကြောင်း၊ ဂွေးချိုသီးပင်သည် ရာသီမရွေးအသီးသီးကြောင်း၊ ဂွေးချို သီးပင် စိုက်ပျိုးရာတွင် မြေသြဇာပေး၍ စနစ်တကျပျိုးထောင်ရခြင်း၊ ရေကိုလုံလောက်စွာပေးရ ကြောင်း သိရပြီး ပုသိမ်မြို့နယ်တွင် ဂွေးချိုသီးတစ်လုံးလျှင် အလုံးအရွယ်အစားပေါ်မူတည်ပြီး ၁၀၀ ကျပ်မှ ၂၀၀ ကျပ်အထိ စျေးရရှိပြီး မြို့ပေါ်စျေးများနှင့် စျေးဆိုင်များသို့ရောင်းချလျက်ရှိကြောင်း ဥယျာဉ်ခြံ စိုက်ပျိုးလုပ်ကိုင်သူ တောင်သူ တစ်ဦးထံမှ သိရသည်။
DOCA(ဧရာဝတီ)