Main menu

သာယာဝတီခရိုင်မင်းလှမြို့နယ်ရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းဈေးကွက်

Powered by Drupal

     ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင် မင်းလှမြို့နယ်အတွင်းရှိ ရောင်းချနေသော ဟင်းသီးဟင်းရွက်များမှာ မင်းလှမြို့နယ်ပတ်ဝန်းကျင်ရှိ ကျေးရွာများမှဝင်ရောက်သည့်အပြင် ပုတီးကုန်း ၊ သဲကုန်း၊ပေါင်းတည် စသည့်မြို့နယ်များမှလည်း ဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါသည်။

     ထိုသို့ဝင်ရောက်ရာတွင် ဇွန်လနောက်ဆုံးပတ်တွင် ခရမ်းချဉ်သီး ထိုင်ဝမ် ၁ပိဿာ ၄၀၀၀/၅၀၀၀ ကျပ်၊ ဂေါ်ဖီထုပ် ၁ထုပ်လျှင် ၁၅၀၀ မှ ၂၀၀၀ ကျပ်၊ ပန်းဂေါ်ဖီ ၁ထုပ် ၃၀၀၀  ကျပ်၊အာလူး ၁ပိဿာ ၄၅၀၀ မှ ၅၀၀၀ ကျပ်၊ ရွှေဖရုံသီး ၁လုံးလျှင် ၁၂၀၀ မှ ၁၅၀၀ ကျပ်၊ ဗူးသီး ၁လုံးလျှင် ၂၀၀၀ မှ ၂၅၀၀ ကျပ်၊ ငရုတ်ပွ ၁ပိဿာ ၁၃၀၀၀ ကျပ်၊ ချဉ်ပေါင်ရွက် ၁စည်းလျှင် ၂၀၀ ကျပ်၊ ပဲသီး ၁၀တောင့် ၁စည်းလျှင် ၃၀၀ မှ ၄၀၀ ကျပ်၊ ကန်စွန်းရွက် ၁စည်းလျှင် ၂၀၀ မှ ၂၅၀ ကျပ်၊ ခရမ်းရှည်သီး ၁လုံးလျှင် ၃၀၀ မှ ၄၀၀ ကျပ်၊ဆလပ်ရွက် ၁စည်းလျှင် ၅၀၀ မှ၇၀၀ ကျပ်၊သံပုရာသီး ၁လုံးလျှင်  ၅၀ မှ ၁၀၀ ကျပ်၊ဖရဲသီး ၁လုံးလျှင် ၅၀၀၀ ကျပ်၊ ငရုတ်သီးစိမ်း ၁ပိဿာလျှင် ၅၀၀၀ကျပ်၊ရုံပတီသီး ၁စည်းလျှင် ၂၀၀ မှ ၂၅၀ ကျပ်၊ ဘုံလုံသီးတတောင့်လျှင် ၂၀၀ မှ၃၀၀ကျပ်၊ဂေါ်သခါးသီးတစ်လုံးလျှင် ၅၀၀ ကျပ်၊မုန်လာဥတစ်တွဲလျှင် ၇၀၀ကျပ်၊ ပြောင်းဖူး  တစ်ဖူးလျှင် ၇၀၀ ကျပ်ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ပုတီးကုန်း၊ သဲကုန်း၊အေးမြသာယာမှပြောင်းဖူးနှင့် ဗူးသီးများ အများဆုံးဝင်ရောက်ပြီး တစ်နေ့လျှင်ပြောင်းဖူး ၃၀ဖူး အိတ် ၂၅ခန့်၊ဗူးသီး ၁၀လုံး အိတ် ၁၅အိတ်ခန့်၊ ခရမ်းချဉ်သီး ၁၀ပိဿာ ဝင်းခြင်း၁၅ခြင်းခန့် ဝင်ရောက်ကြောင်း ဟင်းသီးဟင်းရွက် ရောင်းချနေသော ကုန်သည်များထံမှ သိရှိရပါသည်။

DOCA(ပဲခူး)