Main menu

မကွေးမြို့၌ ဖြစ်ပေါ်နေသောကွမ်းရွက်နှင့် ကွမ်းသီးဈေးနှုန်းအခြေအနေ

Powered by Drupal

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့တွင် ကွမ်းရွက်များကို ဧရာဝတီတိုင်းဒေသကြီး၊ ကနောင်၊ မြန်အောင်၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်း၊ ပေါင်းတလည်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူ၊ မုံရွာမြို့တို့ရှိကွမ်းခြံများမှ တိုက်ရိုက်ဝယ်ယူရောင်းချကြောင်း၊ ကွမ်းသီးများကို ထားဝယ်မြို့မှ မှာယူရောင်းချကြောင်း၊ ကွမ်းစားထုံး၊ နှပ်ဆေးနှင့်ဗမာဆေးကို မုံရွာနှင့် ပခုက္ကူမြို့မှ ဝယ်ယူ ရောင်းချကြောင်း သိရသည်။

    ကွမ်းရွက်ဈေးနှုန်းအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇွန်လ(စတုတ္ထပတ်)တွင် ကွမ်းရွက်ဝါ(၁)ပိဿာလျှင် ကွမ်းရွက်အကြီး၊ အသေးနှင့် ဝယ်ယူတင်သွင်းရသည့်နေရာဒေသအလိုက် ကျပ်(၃၀၀၀-၅၀၀၀-၈၀၀၀)၊ ကွမ်းသီးစိပ်(၁)ပိဿာလျှင် ကျပ်(၃၃၀၀၀)၊ ကွမ်းသီးခြမ်း(၁)ပိဿာလျှင် ကျပ်(၃၁၀၀၀)၊ ကွမ်းစားထုံး(၁)လီတာ(၁)ဘူးလျှင် ကျပ်(၁၅၀၀)၊ ကွမ်းစားနှပ်ဆေး(၁)ထုပ်လျှင် ကျပ်(၈၀၀)၊ ဗမာ ဆေး(၁)ထုပ်လျှင် ကျပ်(၅၀၀) စသည့်ဈေးနှုန်းများဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

    ယခင်မေလ(စတုတ္ထပတ်)နှင့်နှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ကွမ်းရွက်မှာ ကျပ်(၂၀၀၀-၃၀၀၀)ဈေးနှုန်းကျဆင်းခဲ့ပြီး ကွမ်းသီးခြမ်းနှင့်ကွမ်းသီးစပ်မှာ ကျပ်(၃၀၀၀)ဈေးနှုန်းမြင့်တက်ခဲ့ကြောင်း၊ ယခုအချိန်တွင် ကွမ်းခြံများရှိကွမ်းရွက်များ၌ လှိုင်လှိုင်ထွက်ပေါ်နေချိန်ဖြစ်၍ ကွမ်းရွက် ဈေးနှုန်းမှာကျဆင်းရခြင်းဖြစ်ပြီး   ကွမ်းသီးမှာ ပြည်ပမှာယူမှုများသည့်အပြင် မိုးတွင်းကာလဖြစ်၍ လမ်းခရီးအခက်အခဲရှိသောကြောင့် သယ်ယူစရိတ်မြင့်မား၍ ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်ကြောင်း  သိရှိရသည်။

DOCA(မကွေး)