Main menu

လွိုင်ကော်မြို့တွင် မြှင့်တက်လာသော စက်သုံးဆီဈေးနှုန်းများ

Powered by Drupal
ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ပြန်လည်ဖွင့်လှစ် ရောင်းချနေကြပြီး ၂၀၂၅ခုနှစ်၊ ဇွန်လ (၂၇)ရက်နေ့တွင် ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၄၀၀၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၄၀၇၀)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၃၅၉၀)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၄၂၄၅) ကျပ်ဖြင့် ရောင်းချနေကြောင်းသိရပါသည်။ ယခင်တစ်ပတ်ဈေးနှုန်းများမှာ Octane(92) တစ်လီတာလျှင် (၃၈၂၀)ကျပ်၊ Octane(95) တစ်လီတာလျှင် (၃၉၆၀)ကျပ်၊ ပရိမီယမ်ဒီဇယ် တစ်လီတာလျှင် (၃၃၆၅)ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာလျှင် (၃၉၆၀) ကျပ်ဖြင့် ရောင်းချခဲ့ကြပြီး ဈေးနှုန်းများနှိုင်းယှဉ်ကြည့်လျှင် Octane(92) တစ်လီတာလျှင် (၁၈၀)ကျပ်၊ Octane(95)တစ်လီတာလျှင်(၁၁၀)ကျပ်၊ ပရီမီယမ်ဒီဇယ် တစ်လီတာ လျှင်(၂၂၅)ကျပ်၊ ရိုးရိုးဒီဇယ်တစ်လီတာ လျှင်(၂၈၅)ကျပ်စီဖြင့် ဈေးနှုန်းများမြှင့်တက်လာကြောင်း စက်သုံးဆီရောင်းချသူများထံမှ သိရှိရပါသည်။ DOCA(ကယား)