
စိတ်ချမ်းသာလိုလျှင် ပန်းပင်စိုက်ပါ၊ ပန်းကလေးတွေက အရောင်အမျိုးမျိုး အဆင်းသွယ်သွယ်ဖြင့် မြင်ရသူတို့၏ ရင်ဝယ်အေးမြလန်းဆန်းစေပါသည်။ ထိုပန်းကလေးများထဲမှ ဖြူစင်ခြင်း၊ ရိုးသားခြင်း၊ တည်ကြည်ခြင်း အဓိပ္ပာယ်ကို ဆောင်သော အဖြူရောင်ပန်းကလေးများစွာ ရှိပါသည်။ စပယ်ပန်း၊ ဇွန်ပန်း၊ ဇီဇဝါပန်း၊ ဇလပ်ဖြူ၊တတိုင်မွှေး၊ နှင်းပန်း၊ သစ္စာပန်း စသည်ဖြင့် အဖြူရောင်ပန်းပွင့်သော အပင်များစွာရှိပါသည်။ ထိုထဲကမှ အဖြူရောင်းအပွင့်သေးသေးလေးမျာ အူခဲနေအောင် ပွင့်တတ်သော ယုဇနပန်းပင်ကလေးများကလည်း ရောင်းပန်သာ၍ ဝယ်ပန်းလှနေကြပါသည်။ ယုဇနပန်းကလေးများသည် ရနံ့သင်းသင်းကလေးများနှင့် လှပစွာ ပွင့်တတ်ပြီး လူတို့၏ စိတ်ကို ချမ်းမြေ့စွာ စွမ်းဆောင်နိုင်ပါသည်။ ယုဇနပန်းအိုးလေး မိမိအိပ်ယာဘေးထားပြီး ပန်းရနံ့လေးရှုရှိုက်ပြီး အိပ်ပါက စိတ်ကြည်လင်လန်းဆန်းပြီး နှစ်ခြိုက်စွာ အိပ်ပျော်နိုင်ပါသည်။ ယုဇနပန်းကလေးများက “ကံကောင်းခြင်းနှင့် အကောင်းမြင်ဝါဒကို ကိုယ်စားပြုသည်” ဟု အဓိပ္ပာယ်ဆောင်ပါသည်။ ဘဝမှာ ပံ့ပိုးကူညီမှုနှင့် စိတ်အားထက်သန်မှု လိုအပ်နေသူတွေအတွက် ယုဇနပန်းက လက်ဆောင်မွန်ကောင်းဖြစ်သည်။ ယုဇနပန်း( Orange Jamine) ပင်ကို လူကြိုက်များပြီး စိုက်ပျိုးမှုများသောကြောင့် ရောင်းအားကောင်းလျှက်ရှိကြောင်း သိရှိရသည်။ ယုဇနပန်းပျိုးပင် တစ်ပင်လျှင် (၂၀၀၀/၅၀၀၀) ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း ပန်းပျိုးပင်အရောင်းဆိုင်မှ သိရှိရသည်။
DOCA(မန္တလေး)