
၂၀၂၅ ခုနှစ် ဇွန် လ ၂၅ ရက်နေ့ ရှမ်းပြည်နယ်တောင်ကြီးမြို့ ပြည်သူ့အားကစားကွင်း မိုးလုံ လေလုံအားကစားခန်းမတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာ ရေးစောင့်ရှောက်မှုပေးခြင်းနှင့် ထောက်ပံ့မှုပေးခြင်း အခမ်းအနားကျင်းပခဲ့ကြောင်း သိရပါသည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုအရ အငြိမ်းစားနိုင်ငံ့ဝန်ထမ်း (၁၅၂၀) ဦးအား ကိုဗစ်ရောဂါကာကွယ်ဆေးထိုးပေးခြင်း၊ အခြားကျန်းမာရေးစောင့်ရှောက်မှုအဖြစ် ရောဂါအမျိုးမျိုးကို စစ်ဆေးပေးခြင်း ကုသပေးခြင်းတို့ကို ကျန်းမာရေးဝန်ထမ်းများမှ ဝန်ဆောင်မှုပေးခဲ့ပြီး Smart Card ပြုလုပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ဆောင်မှုပေးခဲ့ပါသည်။
နံနက် (၀၉း၃၀) နာရီမှ ညနေ (၀၃း၀၀) နာရီအချိန်ထိ အငြိမ်းစားဝန်ထမ်း ၁၅၂၀ ဦး အားစားသုံးသူရေးရာ ဦးစီးဌာနနှင့် တိရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ဆီ ၆၇၀ ပိသာ နှင့် ကြက်ဥ ၃၀၄၀၀ လုံး တို့ကို ပြည်နယ်အစိုးရ၏ ထောက်ပံ့မှုကို ကုန်စည်နှင့်ဝန်ဆောင်မှု ပေးခဲ့ကြောင်းသိရှိရပါသည်။