Main menu

ရွှေဘိုမြို့ရှိ ဈေးများတွင် ရောင်းချလျက်ရှိသည့် ဇောင်းချမ်းချဉ်ဈေးနှုန်း

Powered by Drupal

ရွှေဘိုမြို့ရှိ ဈေးများတွင် အသား/ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ သစ်သီးဝလံများကို ရောင်းချလျက်ရှိရာ ရာသီစာဖြစ်သည့် ဇောင်းချမ်းချဉ်များကို ရောင်းချလျက်ရှိပါသည်။ ဇောင်းချမ်း ပင်သည် မန်ကျီးပင်ကဲ့သို့သက်ကြီးပင်ဖြစ်၍ (၁)ခါ စိုက်ထားခြင်းဖြင့် နှစ်စဉ်နှစ်တိုင်းစားရသည့် အပင်မျိုးဖြစ်သည်။  ဇောင်းချမ်းသီးများကိုခူးဆွတ်ပြီး အခွံသင်ကာ ထမင်းနှင့်အချဉ်တည်၍ ဇောင်း ချမ်းချဉ်ဟူ၍ ရောင်းချချကြောင်း ၊ ဇောင်းချမ်းချဉ်ကို ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ငရုတ်သီးစိမ်း၊နံနံပင်တို့ထည့်၍ ချက်စားလျှင် အရံဟင်း(၁)ခွက်ရကြောင်း၊  ရာသီစာဖြစ်သည့် ဇောင်းချမ်းချဉ်ကို လက်ဘက်ရည်အကြမ်း သောက်ပန်းကန်လုံး(၁)လုံးလျှင် (၁၂၀ဝိ/-)ကျပ်မှ (၁၅၀ဝိ/-)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

Doca(စစ်ကိုင်း)