Main menu

ပြည်ခရိုင်၊ ပြည်မြို့တွင် ဖြစ်ပေါ်ခဲ့သော ဆီထွက်သီးနှံနှင့် စားသုံးဆီဈေးနှုန်းနှိုင်းယှဉ်ချက်

Powered by Drupal

ပြည်မြို့ရှိဈေးကွက်များတွင် ဆီထွက်သီးနှံများဖြစ်သော မြေပဲနှင့်နှမ်းမှာ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဈေးများမြင့်တက်လာခဲ့ပါသည်။ ထိုသို့ဈေးများမြင့်တက်လာရခြင်းမှာ အထွက်နှုန်းမှာ ယခင်နှစ်ကအတိုင်းရှိပေမယ့် စိုက်စရိတ်များကြီးမြင့်ခြင်း၊ ဝယ်လိုအားများလာခြင်း တို့ကြောင့် နှစ်အလိုက်ဈေးနှုန်းများမြင့်တက်လာရခြင်းဖြစ်သည်ဟု သိရပါသည်။ မြေပဲဆီမှာလည်း ယခင်နှစ် နှင့်ယှဉ်လျှင် တစ်ပိဿာလျှင် (၁၀၀၀-၂၀၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင် (၄၀၀၀)ကျပ် ဈေးများမြင့်တက်လာခဲ့ပါသည်။
ပြည်ဈေးကွက်တွင် ယခု၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်ဖြစ်သော ဇူလိုင်လနောက်ဆုံးပတ်တွင် ရောင်းချလျှက်ရှိသော ဆီထွက်သီးနှံ မြေပဲများမှာ ဆီကြိတ်မြေပဲဆန် (အဖြူ)တစ်ပိဿာလျှင် (၈၈၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၈၅၀၀)ကျပ် နှင့် လုံးဆန်(အဖြူ)တစ်ပိဿာလျှင် (၉၅၀၀)ကျပ်၊ (အနီ)တစ်ပိဿာလျှင် (၉၃၀၀)ကျပ်ဖြင့် တစ်နေ့လျှင် အိတ် ၁၀၀/၂၀၀ခန့် အရောင်း အဝယ်ဖြစ်လျှက်ရှိပါသည်။ မိုးမြေပဲ များစိုက်ပျိုးချိန်ဖြစ်၍ ပြည်ဈေးကွက်သို့ ဝင်ရောက်မှုနည်း သော်လည်း တစ်နေ့လျှင် အိတ် ၅၀/၁၀၀ ခန့် မင်းတုန်း၊ ကံမ နှင့် ပန်းတောင်း၊ ရွှေတောင်ဘက်မှ ဝင်ရောက်လျှက်ရှိ၍ အရောင်းအဝယ် ပုံမှန်ဖြစ်လျှက်ရှိပါသည်။ နှမ်းဈေးမှာလည်း နှမ်းနီတစ်တင်း လျှင် (၁၂၀၀၀၀)ကျပ်၊ နှမ်းနက် တစ်တင်းလျှင် (၁၇၀၀၀၀)ကျပ် နှင့် စမုံနက်နှမ်းတစ်တင်းလျှင် (၂၀၀၀၀၀)ကျပ်ဖြင့် ယခင်လက အတိုင်းဈေးငြိမ်နေခဲ့ပါသည်။ ယခုအချိန်တွင် မိုးနှမ်းများ စိုက်ပျိုးချိန်ဖြစ်ပြီး ရေသွင်းနှမ်းခေါ် နွေနှမ်းများမှာ နောက်(၁)လလောက်ကြာရင် ရိတ်သိမ်းကြ ရမည်ဖြစ်သဖြင့် ဈေးကွက်တွင် နှမ်းဝင်ရောက်မှုနည်းပါးသွားပြီး နှမ်းလက်ကျန်မှာ လည်းရှားပါး လာ၍ ဝယ်လိုအားရှိသော်လည်း အရောင်းအဝယ်မရှိဘဲ ရံဖန်ရံခါမှသာ အရောင်းအဝယ်ဖြစ်သည်ဟု သိရပါသည်။
ပြည်ခရိုင်အနေဖြင့် လာမည့် (၂)လ(၃)လအကြာတွင် မိုးဆီထွက်သီးနှံများဈေးကွက်တွင် ဝင်ရောက်မှုများလာနိုင်ပြီး ရာသီဥတုဖျက်ဆီးမှုမရှိပါက အထွက်နှုန်းကောင်းသည့် ဆီထွက်သီးနှံ များရရှိ၍ တောင်သူများအတွက်လည်း အကျိုးအမြတ်များစွာရရှိလာနိုင်မည်ဟု ခန့်မှန်းသိရှိရပါသည်။
DOCA(ပဲခူး)