Main menu

ခရမ်းချဉ်သီး ဈေးနှုန်းဈေးကွက်

Powered by Drupal
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မကျည်းပင်ဈေးအတွင်းတွင် ၂၀၂၅ ခုနှစ် ဇွန်လ အတွင်း ခရမ်းချဉ်သီးများ အရောင်းသွက်လျှက်ရှိကြောင်းသိရပါသည်။ ခရမ်းချဉ်သီး သီးနှံသည် ဒေသမရွေး လွယ်ကူစွာစိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပြီး ခရမ်းချဉ်သီး အား ဟင်းချက်ရာတွင် ဟင်းအနှစ်ရရှိရန်နှင့် အခြားသီးနှံ၊အသားများဖြင့် ရောကြော်ခြင်း စသည်ဖြင့်ပုံစံအမျိုးမျိုးဖြင့် စားသုံးကြပါသည်။ ခရမ်းချဉ်သီး ကြိုက်နှစ်သက်သူများ သည်လက်ဖက်နှင့်သော်လည်းကောင်း၊ အချို့သောသူများသည်ရေဆေး၍ အလုံးလိုက်ပင် စားသုံးတတ်ကြပါသည်။ ယခုဇွန်လအတွင်း ရောင်းချနေသော ခရမ်းချဉ်သီးစျေးနှုန်းမှာ တစ်ပိဿာလျှင် (၆၀၀၀) ကျပ် ခရမ်းချဉ်သီးရောင်းချသူထံမှ သိရှိရပါသည်။ DOCA(စစ်ကိုင်း)