Main menu

ပြည်မြို့နယ်အတွင်းအရောင်းအဝယ်ဖြစ်လျက်ရှိသော ပဲကြီး၊ စားတော်ပဲနှင့် ပဲလွမ်းဖြူဈေးကွက်

Powered by Drupal

ပြည်ခရိုင်၊ ပြည်မြို့ရှိပွဲရုံများတွင် ပဲကြီး၊ စားတော်ပဲ(ကျွန်း)၊ ပဲလွမ်းဖြူပဲများလည်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
ပြည်မြို့၏ ဇူလိုင်လဆန်းရက်တွင် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို (၁၀၀၀၀၀)ကျပ်၊ ပဲကြီး (ကမ်းနား)တစ်တင်းကို (၉၀၀၀၀-၉၁၀၀၀)ကျပ်ဖြင့် မြို့တွင်းနှင့် နယ်စုံရောင်းဝယ်မှုရှိပါသည်။ ပဲကြီးသီးနှံကို လက်လီ၊ လက်ကားနှစ်မျိုးစလုံးအရောင်းအဝယ်ဖြစ်ပြီး မြို့တွင်းလုပ်ငန်းရှင် ပဲကြော် သမားများလည်း အဝယ်ရှိပါသည်။ တစ်ခါတစ်ရံ ရန်ကုန်သို့လည်းတင်ပို့လျက်ရှိပြီး လက်လီ အဝယ်တစ်ရက်ကိုအိတ် ၂၀/၂၅ ခန့်ရှိပြီး လက်ကားအနေဖြင့် အိတ် ၂၀၀/၃၀၀ခန့် အဝယ် ရှိခဲ့ပါ သည်။
ဇူလိုင်ပထမအပတ် စားတော်ပဲ(ကျွန်း) တစ်တင်းကို (၁၆၅၀၀၀)ကျပ်ဈေးဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိပါသည်။ စားတော်ပဲ(ကျွန်း)သီးနှံကို မြို့တွင်းအဝယ်များပြီး လက်လီသမား များနှင့်သာ တစ်ရက်ကိုအိတ် ၂၀/၂၅ခန့် အရောင်းအဝယ်ရှိပါသည်။ ဇွန်လ လဆန်းပိုင်းတွင် စားတော်ပဲ(ကျွန်း)တစ်တင်းကို (၁၆၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ရှိပြီး ယခုလဈေးက ပိုမြင့်ခဲ့ကြောင်း သိရှိရပါသည်။
ပြည်ပွဲရုံများတွင် ပဲလွမ်းဖြူသီးနှံလည်း အရောင်းအဝယ်ရှိပြီး ဇူလိုင်လဆန်းရက်တွင် ပဲလွမ်းဖြူတစ်တင်းကို (၈၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ပဲလွမ်းဖြူသီးနှံကို လက်လီအဝယ်များပြီး တစ်ရက်ကိုအိတ် ၂၀/၂၅ခန့် အဝယ်ရှိပါသည်။
ပြည်ပွဲရုံများမှ ပဲကြီး၊ ပဲလွမ်းဖြူ၊ စားတော်ပဲ(ကျွန်း)သီးနှံများသည် မြို့တွင်းလုပ်ငန်းရှင် များသာ အများဆုံး ဝယ်ယူကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)