
ပြည်ခရိုင်၊ ပြည်မြို့နယ်ရှိ ဈေးများတွင် ပတ္တမြားငမောက်သရက်သီးများ ရောင်းချနေ ကြပါသည်။ ပတ္တမြားငမောက်သရက်သီးသည် သရက်သီးများတုန်းချိန်မှပေါ်သည့်အတွက်ကြောင့် နောက်ဆွဲသီးဟူ၍လည်းခေါ်ဆိုကြပါသည်။ ယခုအချိန်တွင်ဈေးကွက်ထဲတွင် မြကျောက်သရက်သီးများနှင့် စိန်တလုံးသရက်သီးများရှားပါးလာပြီး ပတ္တမြားငမောက်သရက်သီးနှင့် ရင်ကွဲသီးများသာ ဈေးကွက်အတွင်းလှိုင်လှိုင်ရောင်းချနေကြရပါသည်။ ပတ္တမြားငမောက်သရက်သီး ဈေးနှုန်းအနေဖြင့် အကြီးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင် (၁၀၀၀)ကျပ်တို့ဖြင့်ရောင်းချနေကြပြီး ရင်ကွဲသရက်သီးမှည့် တစ်လုံးလျှင် (၃၀၀)ကျပ်မှ (၅၀၀)ကျပ်အထိ ရောင်းချလျက်ရှိကြောင်းလည်း သိရှိရပါသည်။
DOCA(ပဲခူး)