Main menu

ပြည်မြို့၏ပြောင်းဖူးဈေးကွက်

Powered by Drupal

ပြည်မြို့နယ်အတွင်းရောင်းချနေသောပြောင်းဖူးများကို ပုတီးကုန်း၊ သဲကုန်းမြို့များမှ ရထားဖြင့်သော်လည်းကောင်း၊ ကားများဖြင့်သော်လည်းကောင်း တင်ပို့ရောင်းချနေသလို ပြည်မြို့နယ်အတွင်း မှော်ဇာကျေးရွာများ၌ အများဆုံးစိုက်ပျိုးရောင်းချကြကြောင်းသိရပါသည်။ ရန်ကုန် ဈေးကွက်သို့လည်းတင်ပို့ရောင်းချကြောင်းသိရပါသည်။ ပုတီးကုန်း၊ ဆင်မြီးဆွဲဒေသမှ ထွက်သော ပြောင်းဖူးများကိုဒေသအခေါ် မြှားနီပြောင်းနှင့် ကာလာဖိုက် လို့တင်စား ခေါ်ဝေါ် ကြပါသည်။ ပြည်မြို့အတွင်း ပြောင်းဖူးစိမ်းတစ်ဖူးလျှင် (၅၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရပါသည်။ ရန်ကုန်-ပြည် ရထားလမ်းပေါ်တွင်လည်းပြောင်းဖူးပြုတ် (၁)ဖူးလျှင် (၇၀၀/၁၀၀၀) ကျပ်ဖြင့်ရောင်းချပါသည်။ သကြားပြောင်းဖူး (ခေါ်) ပြောင်းဝါတစ်ဖူးလျှင် အစိမ်း(၅၀၀)၊ အပြုတ် (၁၀၀၀)ကျပ်ဖြင့် ရောင်းချနေကြကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)