Main menu

ပေါက်ခေါင်းမြို့နယ်၏ကြက်ဥဈေးနှုန်း၊ ဈေးကွက်အခြေအနေ

Powered by Drupal

ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အနေဖြင့် ကြက်ဥရောင်းချသော ဈေးသည်တစ်ဦးနှင့် သွားရောက်တွေ့ဆုံ၍ အရောင်းအဝယ်ဖြစ်မှုနှင့် ဈေးနှုန်းဈေးကွက်အခြေအနေတို့အား စုံစမ်း မေးမြန်းခဲ့ပါသည်။ ဈေးသည် ဒေါ်ဥမ္မာမြင့်၏ပြောကြားချက်အရ ကြက်ဥများကို ပြည်မြို့နယ်မှ တစ်ဆင့် မှာယူရောင်းချရကြောင်း၊ ကြက်ဥအလုံး(၁၀၀)လျှင် ပျမ်းမျှဈေးမှာ (၃၅၀၀၀)ကျပ်ပေး၍ ဝယ်ယူရကြောင်းနှင့် ပြန်လည်ရောင်းချရာတွင် ကြက်ဥကို အသေး၊ အလတ်၊ အကြီး(၃)မျိုးခွဲ၍ ရောင်းချကြောင်း သိရပါသည်။ ဈေးနှုန်းအနေဖြင့် အသေးတစ်လုံးလျှင် (၃၃၀)ကျပ်၊ အလတ် တစ်လုံးလျှင် (၄၅၀)ကျပ်နှင့် အကြီးတစ်လုံးလျှင် (၄၈၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ ကြက်ဥတစ်ခါမှာလျှင် အလုံး(၇၀၀၀/၈၀၀၀)ခန့် မှာယူရပြီး တစ်နေ့လျှင် ပျမ်းမျှအလုံးရေ (၆၅၀/၇၀၀)ခန့် ရောင်းချရကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)