Main menu

မိုးညိုမြို့ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင် မိုးညိုမြို့နယ်၌ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် ၃၀.၆.၂၀၂၅ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ဦးမြဝင်း ကုန်စုံဆိုင်အား ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာဖော်ပြခြင်း ရှိ/မရှိ၊ မြို့နယ်တာဝန်ခံ ဦးမောင်မောင်အေးနှင့်ဝန်ထမ်းများမှ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါ သည်။ စားသုံးသူများ တိကျမှန်ကန်ရှင်းလင်းသော သတင်းအချက်များသိရှိစေရန်၊ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ စိတ်ကျေနပ်မှုရှိစေရန်အတွက် အာမခံချက်ပေးနိုင်သည့်အရည် အသွေးမြင့်မား သော ကုန်စည်ဝန်ဆောင်မှုများဖော်ဆောင် ဖြည့်ဆည်းပေးနိုင်စေရေးနှင့် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ ပြည့်စုံစွာဖော်ပြခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)