
ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာ စားဖို ဆောင်သီးနှံ ဖြစ်သည့် ပဲတောင့်ရှည်သီး၊ ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ရုံးပတီသီး၊ ခရမ်းသီး နှင့် ကန်ဇွန်းရွက်များကို စိုက်ပျိုးလျက်ရှိသည့်အနက် ကန်ဇွန်းရွက်ကိုလည်း တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိ သိရသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဖြစ်ပေါ်နေသော ကန်ဇွန်းရွက် ဈေးနှုန်းများမှာ ကန်ဇွန်းရွက် လက္ကားဈေး တစ်စီးလျှင်(၁၈၀)ကျပ်၊ လက်လီ ဈေး တစ်စီးလျှင် (၂၀၀)ကျပ်၊ (၅၀၀)ကျပ်ဖိုးလျှင် (၃)စီးတို့ဖြင့်လည်းကောင်း၊ ဂွေးတောက်ရွက်ဈေးနှုန်းမှာ လက္ကား(၁)ပိဿာလျှင်(၂၈၀၀)ကျပ်၊ လက်လီ(၁)ပိဿာလျှင်(၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၅၀၀) ကျပ်၊ (၂၅)ကျပ်သားလျှင်(၁၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)