
ပဲပြားသည် ဈေးသက်သာ၍ လွယ်ကူစွာပြုလုပ်စားသုံးနိုင်သည့်အပြင် သက်သက်လွတ် စားသူများအတွက် အသားဓာတ်ကို ပဲပြားကရရှိနိုင်ပြီး ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်ကို မချို့တဲ့အောင် ပဲပြားကကာကွယ်ပေးပါသည်။ ပဲပြားတွင် ကယ်လိုရီ အနည်းငယ်သာပါဝင်ပြီး ပရိုတိန်း ဓာတ်တော်တော်များများ ပါဝင်ကြောင်းသိရပါသည်။ တရုတ် ရိုးရာဆေးပညာမှာပဲ ပြားဟာ ခန္ဓာကိုယ်ထဲရှိ အဆိပ်တွေကိုထုပ်ပေးနိုင်စွမ်းရှိသည် ဟုသိရ ပါသည်။ ပဲပိစပ်ကို သုံးပြုပြီး ဆင့်ဆင့်ကျိုချက်၍ ပဲပြားကိုရရှိပါသည်။ ပဲပြားကိုကြော်ကာ အစာသွပ်၊ ပဲပြားသုတ် ၍လည်းမိမိစိတ်ကြိုက် အမျိုးမျိးပြုလုပ်စားသုံးနိုင်သည်။ ၂၀၂၅ခုနစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း မုံရွာမြို့ နန္ဒဝန်စျေးတွင် ရောင်းချလျက်ရှိသော ပဲပြားဈေးနှုန်းမှာ တစ်တုံးလျှင် (၉၀၀) ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိကြောင်း ဈေးသည်များထံမှသိရပါသည်။
DOCA( စစ်ကိုင်း)