
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရာသီပေါ်သီးနှံများ၊ အခြား ဒေသမှဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်းများကို ရောင်းချပေးလျက်ရှိရာ ယခုအခါတွင် စိန်တစ်လုံးသရက်သီးမှည့်များ ကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ တတိယပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ရောင်းချနေ သည့် စိန်တစ်လုံးသရက်သီးမှည့် ဈေးနှုန်းများမှာ သရက်သီးမှည့် လက်လီ အကြီး တစ်လုံးလျှင် (၈၀၀)ကျပ်၊ သရက်သီးမှည့် အသေး တစ်လုံးလျှင် (၅၀၀)ကျပ် နှင့် ထန်းကုန် သကြားသရက် သီးမှည့် လက်လီ တစ်လုံး(၁၅၀)ကျပ် (၁၀၀၀)ကျပ် ဖိုး(၈)လုံးနှင့် တစ်လုံး(၁၀၀)ကျပ် (၁၀၀၀)ကျပ်ဖိုး(၁၀)လုံးဖြင့်ရောင်းချကြောင်း ဇွန်လ စတုထ္ထပတ်အတွင်း ကျွန်းလှမြို့၊ ပိတောက်မြိုင် ဈေးတွင် ရောင်းချနေ သည့် စိန်တစ်လုံးသရက်သီးမှည့် ဈေးနှုန်းများမှာ သရက်သီးမှည့် လက်လီ အကြီး တစ်လုံးလျှင် (၁၀၀၀)ကျပ်၊ သရက်သီးမှည့် အသေး တစ်လုံးလျှင် (၇၀၀)ကျပ် နှင့် ထန်းကုန် သကြားသရက် သီးမှည့် လက်လီ တစ်လုံး(၁၅၀/၂၀၀)ကျပ် (၁၀၀၀)ကျပ် ဖိုး(၈/၅)လုံး တို့ဖြင့်ရောင်းချကြောင်း ယခင်အပတ်ထက် စိန်တစ်လုံးသရက်သီးမှည့် ဈေးအနည်းငယ် မြင့်တက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သရက်သီးမှည့် ရောင်းချသည့် လုပ်ငန်းရှင် များထံမှ သတင်း ရရှိသည်။
DOCA(စစ်ကိုင်း)