Main menu

ကန့်ဘလူမြို့၏ မုန်ညင်းထုပ်ဈေးနှုန်းဈေးကွက်

Powered by Drupal

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ကုန်စိမ်းသီးနှံများဖြစ်သော ခဝဲသီး၊ ရွှေဖရုံသီး၊ ဘူသီး၊ မုန်လာထုပ်၊ ပန်းမုံလာပွင့်၊ ရွှေပဲသီး၊ ခရမ်းချဉ်သီး ၊ခါကြက်ဥ၊ ပြောင်းဖူးများ ရောင်းချလျက်ရှိရာ ယခုအခါ မုန်ညင်းထုပ်များကို  ကန့်ဘလူမြို့မဈေးတွင်ရောင်းချ လျက်ရှိပါသည်။မုန်ညင်းထုပ်များကို မန္တလေးမြို့မှမှာယူရောင်းချလျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်တွင် ဖြစ်ပေါ်ခဲ့သော မုန့်ညင်းထုပ်ဈေးနှုန်းမှာ မုန်ညင်း ထုပ်(၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ မုန်ညင်းထုပ်(၅၀)ကျပ်သားလျှင်(၄၀၀၀)ကျပ်၊ မုန်ညင်းထုပ် (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်ဖြင့်ရောင်းချခဲ့ပြီး ဇူလိုင်လ ပထမပတ်အတွင်းဖြစ်ပေါ်နေသော မုန်ညင်းထုပ်ဈေးနှုန်းမှာ မုန်ညင်းထုပ်(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ မုန်ညင်းထုပ်(၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ မုန်ညင်းထုပ်(၂၅)ကျပ်သားလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီးယခင် အပတ်ဈေးနှုန်းများနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းအနည်းငယ်မြင့်တက်လာကြောင်း ကုန်စိမ်းရောင်းချသူထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)