Main menu

ကန့်ဘလူမြို့ ရာသီပေါ်မန်ကျည်းသီးစိမ်းရောင်းချသူများ မိသားစုဝင်ငွေရရှိ

Powered by Drupal

     မန်ကျည်းပင်များကို အခြားစားပင်သီးပင်များကဲ့သို့ ခြံဖွဲ့၍ စိုက်ပျိုးခြင်းမရှိကြသော်လည်း ကန့်ဘလူမြို့နယ် နေရာအနှံ့အပြားတွင် အများအပြား အလေ့ကျပေါက်ရောက်ကြပါသည်။ မန်ကျည်းသီးစိမ်းများမှာ ပေါ်ခါစဖြစ်၍ တောင့်လေးများသေးငယ်ပြီး ဈေးကောင်းရသဖြင့် ခူးဆွတ် ရောင်းချကြကြောင်း သိရှိရသည်။ ပေါ်ခါစမန်ကျည်းသီးစိမ်းများကိုထောင်း၍ ဟင်းလျာအဖြစ်ချက် ပြုတ်စားသောက်ကြကြောင်း၊ မန်ကျည်းသီးစိမ်းများကို ဇွန်လကုန်မှစတင်၍ ဈေးကွက်အတွင်း  ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ပထမပတ်အတွင်း မန်ကျည်းသီးစိမ်း တစ်ပြည်လျှင် (၉၅၀၀)ကျပ်၊ မန်ကျည်းသီးစိမ်း(၁)ဘူးလျှင် (၁၂၀၀)ကျပ်နှင့် မန်ကျည်းသီးစိမ်း (၁)ပုံလျှင် (၅၀၀) ကျပ်ဖြင့်  ရောင်းချရသဖြင့် အရင်းမစိုက်ရဘဲ ထိုက်သင့်သည့် မိသားစုဝင်ငွေရရှိကြောင်း မန်ကျည်း သီးစိမ်းခူးဆွတ်ရောင်းချသူထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)