Main menu

ကန့်ဘလူမြို့နယ်၏ ရာသီစာနှင်းသီး

Powered by Drupal
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ မြို့မဈေးတွင် ရာသီပေါ်နှင်းသီး များကို စတင်ရောင်းချလျက်ရှိပါသည်။ ရာသီစာနှင်းသီးများကို နေအိမ်ခြံစည်းရိုးများ၌ စိုက်ပျိုး ပြီးမိမိတို့အိမ်တွင် စားသုံး၍ပိုလျှံသည့်အသီးများကို ကန့်ဘလူမြို့မဈေးသို့ လာရောက်ရောင်းချ ကြောင်းသိရသည်။ နှင်းသီးသည် အနီရောင်၊ အဖြူရောင်၊ အစိမ်းရောင်နှင့် ခရမ်းရောင်ဟူ၍ ၄မျိုးရှိပါသည်။ နှင်းသီးသည် အရည်ရွှမ်း၍ ကျွတ်ဆတ်ကာချိုမြသောအရသာရှိပြီး သရေစာအဖြစ်အများဆုံး စားသုံးကြကြောင်း၊ ၂၀၂၅ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း နှင်းသီး(၂၅)ကျပ်သားလျှင်(၂၅၀၀) ကျပ်၊ နှင်းသီး(၅၀)ကျပ်သားလျှင် (၅၀၀၀)ကျပ်၊ နှင်းသီး(၁)ပိဿာလျှင် (၁၀၀၀၀)ကျပ်ဖြင့်အ ရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သောကြောင့်ရောင်းအား ကောင်းကြောင်း သစ်သီးရောင်းချသူထံမှ သတင်းရရှိပါသည်။ DOCA(စစ်ကိုင်း)