
၂၀၂၅ခုနှစ်၊ ဇူလိုင်လ(၁)ရက်နေ့၊ မွန်းလွဲ(၂း၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနက ခရိုင် ဦးစီးမှူး၊ ဦးမျိုးဝင်းမှ မြိတ်မြို့၊ ကမ်းနားလမ်း၊ ဆိပ်ငယ်ရပ်ရှိ၊ စားသုံးသူရေးရာဦးစီးဌာနတွင် DD သောက်ရေသန့် လုပ်ငန်းရှင်အား ခေါ်ယူတွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားပါရှိစေရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ကုန်အညွန်းအမှတ်အသားပြည့်စုံစွာပါရှိစေရေးတို့ အတွက် မြန်မာစာဖြင့် ဖော်ပြရမည့်အချက်များအား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)