Main menu

လွိုင်ကော်မြို့တွင် ဖြစ်ပေါ်နေသော ဂျင်းဈေးနှုန်း

Powered by Drupal

စားဖိုဆောင်တွင် ဟင်းများအရသာ ပိုမိုကောင်းမွန်အောင် ကြက်သွန်ဖြူ/နီနှင့် အခြား ဟင်းခတ်အမွှေးအကြိုင်များကို ထည့်ကြသကဲ့သို့ အချို့ဟင်းလျာများတွင် ဂျင်းကို အရသာအား ဖြင့်လည်းကောင်း၊ အနံ့များအားဖြင့်လည်းကောင်း ပိုမိုကောင်းမွန်အောင် အသုံးပြုကြပါသည်။ မြန်မာအစားအစာ တစ်ခုဖြစ်သည့် လက်ဖက်သုပ်၊ ဂျင်းသုပ်များကို ကျွန်ုပ်တို့မြန်မာလူမျိုးများက နှစ်ခြိုက်စွာ စားသောက်ကြပြီး ဂျင်းကို ဟင်းအရသာအတွက်သော်လည်းကောင်း၊ အသုပ် အတွက်သော်လည်းကောင်းစားသောက်ကြပါသည်။ လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးတွင် တွေ့ရှိ ရသော ဂျင်းများကို ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်၊ အောင်ပန်းတို့မှ မှာယူရောင်းချလျက်ရှိပြီး တစ်ပိဿာလျှင်( ၄၀၀၀)ကျပ်ခန့်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါကြောင်း ဈေးသည်များထံမှ သိရှိရပါသည်။
DOCA(ကယား)