
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်သိင်္ဂီဇံ (အကြီးတန်းစာ ရေး)နှင့်ဝန်ထမ်းများသည် (၃.၇.၂၀၂၅) ရက်နေ့ ၊ နေ့လယ်(၁၂:၀၀) နာရီအချိန်တွင် ပုဇွန်တောင် မြို့နယ်၊ အမှတ်-၂၇-ကုန်ဈေးတန်းလမ်း (၆)ရပ်ကွက်အတွင်းရှိ ဆန်လက်လီရောင်းချနေသော ထွန်းတောက် (ဆန်ရောင်းဝယ်ရေးဆိုင်) အား သွားရောက်၍ ဆန်ရောင်းချမှု ကွင်းဆင်းစစ်ဆေးမှု များဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆန်ဆိုင်ရှိ ရောင်းချနေသော ဆန်များသည် (ရွှေဘို ပေါ်ဆန်း)၊ ပေါ်ဆန်း(လတ်) ၊ပေါ်ဆန်း(ရိုးရိုး) ၊ ဧရာမင်း(သီးထပ်) ၊(ရက် ၉၀) ၊ ဧည့်မထ(ရိုးရိုး) စသည့် ဆန်များ၏(၁ပြည်) ဈေးနှုန်းများကို စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချလျက်ရှိကြောင်း တွေ့ရှိရပြီး ၊ ဆန်ဈေးနှုန်းကြီးမြှင့်မှုမဖြစ်ပေါ်စေရေးအတွက် ဈေးကစားရန်အလို့ငှာ ဆန်များ သိုလှောင်ထားခြင်းမပြုရန်၊ သတ်မှတ်ထားသောဈေးနှုန်းများအတိုင်း ရောင်းချသွားရန်၊ လိုက်နာမှုမရှိပါက ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပညာပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)