
(၃.၇.၂၀၂၅)ရက်နေ့ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦးတို့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ City Mart တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့်ပတ်သက်ပြီး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ခဲ့ရာတွင် အမှတ်(၂/က)၊ (၈)ရပ်ကွက်၊ ကျန်စစ်မင်းအိမ်ရာ၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ City Mart ကျန်စစ်မင်းမှ မန်နေဂျာ ဒေါ်မျိုးမျိုးမြင့်အောင်က မိမိရောင်းချနေ သော အမှတ်တံဆိပ်များမှာ JAJUAR, SAMSONIC, SHARP, MIDEA, ALPHA နှင့် FUSU တို့တွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)မှ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ မြန်မာလိုများရေးသားဖော်ပြထားသည်ကို စိစစ်တွေ့ရှိရပြီး မိမိတို့ဌာနမှလည်း စီးပွားရေးလုပ်ငန်းရှင် လိုက်နာရမည့်အချက်များကို အသိပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)