Main menu

ဆန်၊ပဲ၊ပြောင်း တန်ဖိုးမြှင့်ထုတ်ကုန် အဆင့်သတ်မှတ်နိုင်ရေး အစည်းအဝေးကျင်းပ

Powered by Drupal

           ကချင်ပြည်နယ်တွင် စိုက်ပျိုးထွက်ရှိသည့် ဆန်၊ ပဲ၊ ပြောင်း လယ်ယာထွက်ကုန်ပစ္စည်းများ၏ Value Added အဆင့်သတ်မှတ်ခြင်း အစည်းအဝေးကို ၈.၈.၂၀၂၂ ရက်နေ့ (၁၁:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး၌ ကျင်းပခဲ့ရာ ပြည်နယ်ဦးစီးမှူး၊ ဒုတိယပြည်နယ် ဦးစီးမှူး၊ ကချင်ပြည်နယ် ဆန်၊စပါးလုပ်ငန်းရှင်အသင်းဥက္ကဌနှင့် တာဝန်ရှိသူများ၊ ကချင်ပြည်နယ် ပြောင်းလုပ်ငန်းရှင်အသင်းဥက္ကဌနှင့် အသင်းသူ၊ အသင်းသားများ တက်ရောက်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် ဆန်၊စပါးလုပ်ငန်းရှင်အသင်းဥက္ကဌ ဦးချစ်လွင်မှ ကချင်ပြည်နယ်၌ ဆန် အား တန်ဖိုးမြှင့်ထုတ်ကုန်အနေဖြင့် ဆန်ခေါက်ဆွဲ၊ ရေစိမ်ခေါက်ဆွဲ၊ မုန့်တီ ခြောက်နှင့် ဆန်မှုန့်တို့ကို ထုတ်လုပ်လျက်ရှိပြီး Value Added အဖြစ် အဆင့်သတ်မှတ်နိုင်သည့် ထုတ်ကုန်များအနေဖြင့် အဆင့်မြင့် ဆန် ၁၀၀ ရာခိုင်နှုန်း (Emata Super-100%) နှင့် အဆင့်မြှင့် ဆန် ၅ ရာခိုင်နှုန်း (Emata Super-5%) ထုတ်လုပ်၍ တန်ဖိုးမြှင့် ဆန်တင်ပို့ရောင်းချရန် Value Added သတ်မှတ်သင့်ကြောင်း ဆွေးနွေးတင်ပြခဲ့ပြီး ကချင်ပြည်နယ် ပြောင်းလုပ်ငန်းရှင်အသင်းဥက္ကဌ ဦးထွန်းမြင့်အောင်ကြည်ဦးမှလည်း အစေ့ထုတ်ပြောင်းကို အခြောက်ခံစက်ဖြင့် သန့်စင်ပြီးနောက် အဆင့်-၁(Grade-1)၊ အဆင့်-၂ (Grade-2)၊ အဆင့်-၃ (Grade-3) အဆင့်သတ်မှတ်ခွဲခြားထုတ်လုပ်၍ အစေ့ထုတ်ပြောင်း အဆင့်-၁ (Special Quality)နှင့်အဆင့်-၂(FAQ)ကို တန်ဖိုးမြှင့်ထုတ်ကုန် အဆင့်သတ်မှတ်နိုင်ရေး တင်ပြဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)