Main menu

“ ကွမ်းခြံကုန်းမြို့နယ်အတွင်း ရောင်းချသောဆန်ဆိုင်များအား ကွင်းဆင်းစိစစ်ခြင်း ”

Powered by Drupal

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ရန်ကုန်တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ ကွမ်းခြံကုန်းမြို့နယ် ဈေးကွက်အတွင်းရောင်းချသောဆန်ဆိုင်များအား စက်တင်ဘာလ(၁) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါ သည်။

      ထိုသို့ ဈေးကွက်အတွင်း ကွင်းဆင်းစိစစ်ခြင်းများ ဆောင်ရွက်ရာတွင် ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးကောက်တာဝန်ခံ ဦးသန့်ဇော်ဦး၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ် တာဝန်ခံ ဒေါ်နွယ်နွယ်အေးနှင့် ဌာနခွဲစာရေး ဦးတင်ထွန်းဦးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကွမ်းခြံကုန်းမြို့နယ် မြို့မဈေးအတွင်း ရောင်းချသော ဒေါ်အေးကြိုင် ဆန်နှင့်ဆန်ထွက်ပစ္စည်း ရောင်းဝယ်ရေး၊ ကိုမျိုးသွင် ဆန်နှင့်ဆန်ထွက်ပစ္စည်းရောင်းဝယ်ရေး၊ ကိုရန်ကုန်သား ဆန်နှင့်ဆန် ထွက်ပစ္စည်းရောင်းဝယ်ရေး၊ ကိုနိုင်ထွန်း+မရီမြင့် “ကျော့” ဆန်ရောင်းဝယ်ရေးဆိုင်များ ရောင်းချ သော ငစိန်(ထွန်းပု)ဆန်၊ ဧည့်မထ (ရက်၉၀)ဆန်၊ မင်းဧရာဆန်၊ မီးဒုံ(ခွန်နီ)ဆန်၊ ငကျွဲ(တောင်ပျံ) ဆန်၊ ကြားပျံဆန်များ၏ ဆန်ဈေးနှုန်းများအား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ် နွယ်အေးက စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အမျိုးအစားအလိုက် ရောင်းချမည့် ဆန်ဈေး သင့်တင့်မျှတသော ဆန်ဈေးနှုန်း ရည်ညွှန်းဈေးများကို လစဉ်ထုတ်ပြန်လျက်ရှိရာ ရောင်းချသူ လုပ်ငန်းရှင်များ အနေဖြင့် သတ်မှတ်ထားသော ရည်ညွှန်းဈေးဖြင့်သာ ရောင်းချသွားကြရန်၊ ဈေး နှုန်းမြှင့်တင့်ရောင်းချခြင်းမပြုလုပ်ရန်၊ ဈေးကစားရန် ရည်ရွယ်၍ သိုလှောင်ခြင်းများ မပြုလုပ်ကြ ရန် လုပ်ငန်းရှင်များအား တွေ့ဆုံဆွေးနွေး ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)