
ကျောက်ဆည်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား သက်သောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် ခရိုင် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းစီစဉ် ရောင်းချပေးခဲ့ကြောင်း သိရပါသည်။ ဇူလိုင်လ(၆)ရက်နေ့တွင် ကျောက်ဆည်မြို့နယ်၊ ပြည်သူ့ဆေးရုံဝန်းအတွင်း၌ အခြေခံစား သောက်ကုန်များဖြစ်သော ဝက်သားတစ်ပိဿာလျှင်(၂၅၀၀၀/-)ကျပ်၊ အမဲသား တစ်ပိဿာ လျှင်(၂၅၀၀၀/-)ကျပ်၊ ဆိတ်သားတစ်ပိဿာလျှင်(၂၈၀၀၀/-)ကျပ်၊ ကြက်သား တစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်၊ စားသုံးဆီတစ်ပိဿာလျှင် (၇၂၀၀/-) ကျပ်တို့ဖြင့် ရောင်းချပေးခဲ့ပြီး ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
DOCA(မန္တလေး)