
ကျောက်ဆည်ခရိုင်သည် မြန်မာနိုင်ငံ အလယ်ပိုင်းဖြစ်သည့် အားလျော်စွာ ထန်းပင် ထန်းတောပေါများသည့် ဒေသဖြစ်သည့်အလျောက် တောင်သူများသည် စိုက်ပျိုးရေး လုပ်ငန်းကို လုပ်ကိုင်သည့်အပြင် အပိုဝင်ငွေရရှိရန် မိရိုးဖလာ လက်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိသည်ကို သိရှိရပါသည်။ ထန်းပင်မှရရှိသော ထန်းလျှော်ကို အသုံးပြု၍ ထန်းလျှော်တောင်းရက်လုပ်ခြင်းဖြင့် အပိုဝင်ငွေရရှိရန် ရက်လုပ်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ပထမဦးစွာ ထန်းလျှော်များကို တစ်ညသိပ် ရေစိမ်ပြီး အချောသပ်ရကြောင်း၊ အချောသပ်ပြီး လျှော်များကို ထန်းလျှော်တောင်း စတင်ရက်လုပ်ရကြောင်း၊ ထန်းလျှော် တောင်း ရက်လုပ်ရန်အတွက် ထန်းလျှော်များအား ဝယ်ယူရကြောင်း၊ ထန်းလျှော်တောင်း (၁)လုံးစာအတွက်(၅၀၀၀/-)ကျပ်ပေးရကြောင်း၊ ရက်လုပ်ပြီး ထန်းလျှော် တောင်းများအား မြို့ပေါ်ရှိ နှီးကုန်သည်နှင့် လုပ်ငန်းသုံး ပစ္စည်းအရောင်းဆိုင်များအား သွင်းရကြောင်း၊ ရက်လုပ်သူတစ်ဦးလျှင် တစ်ရက်လျှင် လေးလုံးမှ ငါးလုံးအထိ ရက်လုပ် နိုင်ကြောင်း၊ ထန်းလျှော်တောင်းတစ်လုံးလျှင်(၈၀၀၀/-) ကျပ်ဈေးနှုန်းဖြင့် ရောင်းချရကြောင်း၊ တစ်လုံး လျှင်အမြတ်ငွေ(၃၀၀၀/-)ကျပ်ဝန်းကျင် ရရှိပြီး တစ်ရက်လျှင် ပျမ်းမျှအားဖြင့် (၁၅၀၀၀/-) ကျပ်ဝန်းကျင် အပိုဝင်ငွေရရှိပြီး ထန်းလျှော်တောင်း ရက်လုပ်သူများအနေဖြင့် တောင်သူ လုပ်ငန်းအပြင် မိသားစုအပိုဝင်ငွေ ရရှိလျက်ရှိကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)