Main menu

ဈေးကွက်အရောင်းသွက်သင်ဖြူးဖျာ

Powered by Drupal
အိမ်များတွင် ကုတင်များပေါ်၌ ခင်းပြီးအိပ်စက်ရန်အတွက် ဖျာအမျိုးမျိုး ရောင်းချလျက်ရှိ ကြပါသည်။ ယခုအခါတွင် ဈေးကွက်၌ ပလပ်စတစ်ဖျာ၊ ဝါးဖျာနှင့် သင်ဖြူးဖျာဟူ၍ အမျိုးမျိုးရှိကြ သော်လည်း ရာသီကိုလိုက်၍ အပူအအေး ချိန်ညှိပေးနိုင်သည့် သင်ဖြူးဖျာများမှာ ဈေးကွက်တွင် လူကြိုက်များလျှက်ရှိပါသည်။ သင်ဖြူးဖျာများကို တံတားဦးမြို့နယ်ရှိရွာများဖြစ်သော ငါးရာပြား၊ ကျီးပင်၊ လက်ဆောင်ယူ ရွာများတွင် ကိုယ်တိုင်ရက်လုပ်ကြကြောင်း သိရှိရပြီး ကုန်ကြမ်းဖြစ်သည့် သင်လျှော်များကို ဧရာဝတီ တိုင်းဒေသကြီး၊ ပန်းတနော်ဒေသမှ အဓိကစုဆောင်းရရှိကြောင်းလည်း သိရှိရပါသည်။ သင်ဖြူးဖျာများရောင်းချရာတွင် (၇‘×၆‘)ဆိုဒ် သင်ဖြူးဖျာ (၁)ချပ်လျှင် (၇၀,၀၀ဝိ/-)ကျပ်၊ (၆‘×၅‘) ဆိုဒ်သင်ဖြူးဖျာ (၁)ချပ်လျှင် (၅၂,၀၀ဝိ/-)ကျပ်၊ (၆ ၁/၂ ×၅ ၁/၂) ဆိုဒ် သင်ဖြူးဖျာ (၁) ချပ်လျှင် (၆၂,၀၀ဝိ/-)ကျပ် နှင့် (၆‘×၃‘) ဆိုဒ် သင်ဖြူးဖျာတစ်ချပ်လျှင် (၂၅,၀၀ဝိ/-)ကျပ်နှုန်းဖြင့် ရောင်းချကြောင်း သိရှိရပါသည်။ သင်ဖြူးဖျာများကို မန္တလေးမြို့သို့ အဓိကတင်ပို့ရောင်းချကြောင်းသိရှိရပြီး ကုန်ကြမ်း ဝယ်ယူရသည့် ဈေးအပေါ် မူတည်၍ ဈေးနှုန်းအပြောင်းအလဲရှိကြောင်းသိရှိရပါသည်။ DOCA(မန္တလေး)