
ဒန်းပန်းလေး၏ အဓိပ္ပာယ်က “ဘဝကိုအရှုံးမပေးနဲ့”ဟူ၍ဖြစ်သည်။ ယခုလို မိုးတွင်းရာသီသည် ဒန်းပန်းပွင့်ရာသီဖြစ်သည်။ ဒန်းပန်းပွင့်နေသောအပင်နား လမ်းလျှောက်မိလျှင်ဖြင့် အခြားပန်းများနှင့်မတူတဲ့ ဒန်းပန်းရနံ့သည် လူတို့၏ စိတ်ကို ကြည်လင်လန်းဆန်းခွန်အားကို ဖြစ်စေပါသည်။ ဒန်းပန်းပွင့်လေးများသည် အဝါနုရောင် အဆုတ်လိုက် အခိုင်လိုက်ပွင့်ပြီး အသီးများသည်လည်း အဆုတ်လိုက် အခိုင်လိုက်သီးကြသည်။ ၎င်းအသီးများရင့်မှည့်လာပါက ဒန်ပန်းစေ့များမှ ဒန်းပန်းပင်မျိုးပွားလာပါသည်။မြန်မာနို်ငငံတွင် အများအားဖြင့် စနေနံပန်းမို့ဒန်းကိုင်းကို ဘုရားလျှူရန် ရတြာခြေရန် အသုံးပြုကြသည်။ ဒါန်းရနံ့မွှေသင်းသင်းမွှေး ကြိုင်ပါသည်။ ငယ်ငယ်ကဆိုလျှင် ဒန်းပန်းခွက်ကလေးများကို စုဆောင်းပြီး လက်သည်းမှာအုံကာ လက်သည်းနီပြုလုပ်၍ ကစားခဲ့ကြဖူးသည်။ ခြေစွယ်၊လက်စွယ်ငုတ်က ဒန်းရွက်ကြိတ်ပြီး စီးပေးက ပျောက်ကင်းနိုင်သည်ဟု ရှေးလူကြီများက ဆိုကြသည်။ ဒန်းပင်၏ ဒန်းပန်းလေးတွေက လေတိုက်တိုင်း မွှေးသည်။ ဒန်းပန်းပင်ကို ဘုရား၊ကျောင်းကန်နှင့် အိမ်ခြံစီးရိုးများတွင် စိုက်ပျိုးလေ့ရှိသည်။ မည်သို့ပင်ဆိုစေကာမူ ဒန်းပန်း ပင်သည်ပန်းပွင့် သောအပင်တစ်မျိုးဖြစ်ပြီး ဒန်းပန်းရနံ့က လူတို့၏စိတ်ကို ခွန်အားဖြစ်စေနိုင်သည်။ ပန်းပျိုးပင်ဈေကွက်၌ ဒန်းပန်းပျိုးပင်ဝယ်ယူမှု အားနည်းကြောင်းနှင့် ဒန်းပန်းပျိုးပင် တစ်ပင်လျှင် (၁၀၀၀/၁၅၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိကြောင်း သိရှိရသည်။
DOCA(မန္တလေး)