Main menu

ထားဝယ်မြို့ရှိ စားတော်ပဲပြုတ်ဈေးနှုန်း

Powered by Drupal
မြန်မာတို့၏ မနက်ခင်းထမင်းကြမ်းဝိုင်းတွင် ပဲပြုတ်သည် မပါမဖြစ်သည့် ဟင်းအမည်တစ်မျိုး ဖြစ်သည်။ ပဲပြုတ်ကို ထမင်းပူပူလေးနှင့်ဖြစ်စေ၊ ထမင်းကြော်၊ ပလာတာ၊ အီကြာကွေးတို့နှင့် ဖြစ်စေ စားသုံးလေ့ရှိပါသည်။ ပဲပြုတ်ကို အလွယ်တကူ ဝယ်ယူနိုင်သော်လည်း အရသာကောင်းမွန်သည့် ပဲပြုတ်ကို လွယ်လွယ်ကူကူနှင့်မရပါ။ စားတော်ပဲပြုတ်ကို ထားဝယ်မြို့ ညနေဈေး၌ (၁၀)သားလျှင် (၁၀၀၀)ကျပ်ဖြင့် ရောင်းရပြီး တစ်နေ့လျှင် စားတော်ပဲပြုတ် (၂)ပိဿာမှ (၃)ပိဿာအထိရောင်းရကြောင်း ပဲပြုတ်သည် အမျိုးသမီးတစ်ဦး၏ ပြောပြချက်အရ သိရှိရပါသည်။ DOCA(တနင်္သာရီ)