Main menu

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော ဖားသွယ်ဈေးနှုန်း

Powered by Drupal
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်း လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများ၊ ဒေသတွင်း ညပိုင်းမထွက်ရ အမိန့်များကြောင့် လက်လုပ်လက်စား လုပ်ကိုင်သူများသည် ယခင်နှစ်များကဲ့သို့ မိုးဦးကျအချိန်အခါရောက်၍ ဖားများ ပေါများစွာထွက်ရှိသော်လည်း ညပိုင်းမထွက်ရ အမိန့်များကြောင့် ထွက်မရှာရဲသည့်အတွက် ဖားဈေးနှုန်းမှာလည်း အသား/ငါး ဈေးနှုန်း ကဲ့သို့ မြင့်တက် လျက်ရှိပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ နောက်ဆုံးအပတ်တွင် ကျွန်းလှမြို့၏ ဖားသွယ် ဈေးနှုန်းများ အနေဖြင့် ဖားသွယ် လက္ကားဈေး တစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ ဖားသွယ် လက်လီဈေး တစ်ပိဿာလျှင် (၂၀၀၀၀) ကျပ်၊ (၅၀)ကျပ်သားလျှင်(၁၀၀၀၀)ကျပ် နှင့် (၂၅) ကျပ်သားလျှင် (၅၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဖားရောင်းချသူထံမှ သိရပါသည်။ DOCA(စစ်ကိုင်း)