
စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ဘုရားပန်း အမျိုးမျိုးဖြစ်သော ဂန္ဓာမာပန်း၊ သစ္စာပန်း၊ နှင်းဆီ၊ မေမြို့ပန်း(အက်စတာ)၊ မြေမြို့ပန်း(ကြက်လည်ဆံ) သပြေပန်း(အောင်သပြေ)အငုတ်၊ အောင်သပြေ အခက်များ၊ ခရေပန်း၊ စံပါယ်ပန်း၊ စကားဖြူပန်း၊ စကားဝါပန်းနှင့် အာစီယံသပြေ တို့ကို ရောင်းချနေကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ဇွန်လ(နောက်ဆုံးပတ်)တွင် သစ်ရာမြိုင်ဈေး၌ ဖြစ်ပေါ်နေသော ဘုရားပန်းအမျိုးမျိုး၏ ဈေးနှုန်းဖြင့် ခရေပန်း တစ်ကုံးလျှင်(၂၅၀)ကျပ်၊ ဇွန်ပန်း တစ်ကုံးလျှင်(၃၀၀)ကျပ် (၂)ကုံးလျှင်(၅၀၀)ကျပ်၊ စကားဖြူပန်း (၃)ပွင့်ပါ တစ်ကုံးလျှင်(၃၅၀)ကျပ်၊ စကားဖြူပန်း (၃)ကုံးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် လည်းကောင်း၊ စကားဝါပန်း(၃)ပွင့်ပါ တစ်ကုံးလျှင်(၂၀၀)ကျပ်၊ (၃)ကုံးလျှင်(၅၀၀)ကျပ် ဈေးနှုန်း တို့ဖြင့် လည်းကောင်း၊ နှင်းပန်း တစ်စီးလျှင်(၁၀၀၀)ကျပ်၊ ဂန္ဓမာပန်း ဈေးနှုန်းအနေဖြင့် ဂန္ဓမာ (အပွင့်ကြီး)တစ်စီးလျှင်(၃၅၀၀)ကျပ်၊ ပန်တိမ်ငို(ခေါ်)ပန်တိမ်မနိုင်ပန်း (၃)ခက်လျှင် (၁၀၀၀)ကျပ် ဂန္ဓာမာ ပန်း(အပွင့်သေး)တစ်စီးလျှင်(၁၀၀၀)ကျပ် ဈေးနှုန်းဖြင့် လည်းကောင်း၊ သပြေပန်းဈေးနှုန်း အနေဖြင့် သပြေပန်းအငုတ်(အသေး၊အကြီး) အရွယ်အစားအလိုက် (၂၅၀၀/၃၀၀၀/၄၀၀၀/၅၀၀၀)ကျပ်၊ နှင်းဆီပန်း ဈေးနှုန်းအနေဖြင့် နှင်းဆီပန်း အပွင့်ကြီး တစ်ပွင့်လျှင် (၇၀၀)ကျပ်၊ နှင်းဆီပန်း အပွင့်(အလတ်) တစ်ပွင့်လျှင်(၅၀၀)ကျပ် နှင်းဆီပန်း အပွင့် (အသေး) တစ်ပွင့် လျှင်(၄၀၀)ကျပ်၊ အောင်သပြေ အခက် တစ်စီးလျှင်(၁၅၀၀)ကျပ် နှင့် အာစီယံသပြေ အခက် တစ်စီးလျှင် (၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)