Main menu

မအူပင်ဒေသထွက် ခဝဲသီးဈေးကွက် ဈေးကောင်းရရှိ

Powered by Drupal
ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် လေးအိမ်စုကျေးရွာ၌ ခဝဲစိုက် တောင်သူများရှိသဖြင့် ခဝဲသီးနှံကို နှစ်စဉ်စိုက်ပျိုးကြသည်။ ၂၀၂၅ခုနှစ် ဇွန်လ၊ ဇူလိုင်လတွင် ထွက်ရှိသော ခဝဲသီး သီးနှံများဈေးကောင်းချက်ရှိသည်။ ခဝဲသီး သီးနှံဈေးကွက်အနေဖြင့် ၁တောင်လျှင် ၈၀၀-၁၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်၍ ဈေးကောင်းလျက်ရှိသည်။ စိုက်ပျိုးသူတောင်သူများလဲ အကျိုးအမြတ်ရရှိသလို၊ ကုန်စိမ်းရောင်းချသူများလည်း အကျိုးအမြတ်ကျန်ရှိကြောင်း ရောင်းချသူထံမှ သိရသည်။ စိုက်ပျိုးထွက်ရှိသော ခဝဲသီးကို ရန်ကုန်သို့ တင်ပို့ရောင်းချသလို မအူပင်မြို့နယ်၊ ကျိတ်လတ်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ဖျာပုံ၊ မော်ကျွန်းသို့လဲ တင်ပို့ရောင်းချသည်။ ခဲဝဲသီး အတောင့် ၁၀၀လျှင် ငွေကျပ် ၆၀၀၀၀ကျပ် ဖြင့် လက်ကားဝယ်ယူရပြီး ပြန်လည်ရောင်းချပါက အကျိုးအမြတ် ၄၀၀၀၀ကျပ် နီးပါး ကျန်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။ DOCA(ဧရာဝတီ)