မအူပင်မြို့တွင် ငါးခုံးမချဉ်၊ ငါးဖယ်ချဉ် ငါးချဉ်ကိုယ်တိုင်လုပ်ရောင်းချသူများရှိပြီး ရောင်းချနေကြောင်း သိရသည်။ ငါးချဉ်မှာ ငါးခုံးမချဉ်၊ ငါးဖယ်ချဉ်၊ ပုစွန်ချဉ် များကို ဒေသထွက် ငါး၊ ပုစွန် များဖြင့်သာ ပြုလုပ်ကြောင်း သိရသည်။ မြစ်ချောင်း၊ အင်းအိုင်များမှ ရရှိပြီး ဒေသတွင်း ထုတ်လုပ်သူ ငါးဖယ်ချဉ်၊ ပုစွန်ချဉ် တံဆိပ် အမျိုးမျိူးဖြင့် ဒေသတွင်းနှင့် အခြားမြို့နယ်နှင့် ရန်ကုန်သို့လည်း တင်ပို့ရောင်းချကြသည်။ ယခု မိုးတွင်း မေ၊ ဇွန်၊ ဇူလိုင်လ များတွင် ငါးခုံးမ အရနည်းသဖြင့် ငါးခုံးမအစား အခြားငါးများဖြင့် ရောနှော ပြုလုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။
၂၀၂၅ခုနှစ် ဇူလိုင်လအတွင်း ငါးခုံးမချဉ် ၁၀သား ဈေးနှုန်း ၂၀၀၀ ကျပ်ဖြင့်လည်းကောင်း၊ ပုစွန်ချဉ် ၁၀ဆယ်သား ၁ထုတ်လျှင် ငွေကျပ် ၁၀၀၀၀/-ဖြင့်လည်းကောင်း ၊ ငါးဖယ်ချဉ် ၁၀သားလျှင် ၂၀၀၀/-ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိသည်။ ငါးချဉ်လုပ်ငန်းများကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိပြီး ငါးချဉ်များကို အချဉ်သိပ်ရန် ၂ရက်မှ ၅ရက်အတွင်း အချဉ်သိပ်၍ ဈေးကွက်အတွင်းရောင်းချပြီး ဆိုးဆေးမပါပဲ သဘာဝအတိုင်း ငါး၊ ပုစွန်ဖြင့်သာ ထုတ်လုပ်ကြောင်းသိရသည်။ ငါးချဉ် ပြုလုပ်သည့်အခါ ၇ပိဿာတုံး ပြုလုပ်ပြီးရောင်းချသည်။ ငါးဖယ်ချဉ်ကို ၅ပိဿာတုံး ပြုလုပ်၍ အချိန်ဖြင့် ရောင်းချသည်။ မအူပင်မြို့အခြေပြု ထုတ်လုပ်ရောင်းချလျက်ရှိသော ပုဇွန်ချဉ် အမှတ်တံဆိပ်များတွင် (ဒေါ်နီ)ပုဇွန်ချဉ်၊ ကစ်ကစ် ပုဇွန်ချဉ်လုပ်ငန်း၊ မလွင် ပုဇွန်ချဉ် နှင့် ကျုံမငေး ကျေးရွာများမှ ငါးချဉ်လုပ်ငန်းများ လုပ်ကိုင်လျက်ရှိပြီး ယခင်လများထက် ငါးချဉ် ဈေးနှုန်းများ ဈေးမြင့်တက်လာသည်။ ငါးခုံးမချဉ် ၅၀၀ကျပ်၊ ပုဇွန်ချဉ် ၄၀၀၀ကျပ်၊ ငါးဖယ်ချဉ် ၅၀၀ကျပ် ဈေးမြင့်တက်လာ ကြောင်း သိရသည်။
DOCA(ဧရာဝတီ)